ကွန်မြူနစ်အုပ်ချုပ်တဲ့ ကျူးဘားနိုင်ငံမှာ အစာရေစာ ပြတ်လပ်နေချိန် ရှားပါးကြီးမားတဲ့ ဓားပြတိုက်မှုအတွင်း ကြက်သား ၁၃၃ တန်ကို ခိုးယူပြီး လမ်းပေါ်မှာ ရောင်းတဲ့အမှုအတွက် လူ အယောက် ၃၀ ကို တရားစွဲဆိုထားပါတယ်။
မြို့တော် ဟာဗားနားက နိုင်ငံပိုင် စက်ရုံတခုကနေ အဖြူရောင်သေတ္တာ အလုံးရေ ၁,၆၆၀ ကို သူခိုးတွေက သိမ်းယူရောင်းချပြီး ရောင်းရငွေတွေကို သုံးပြီး ရေခဲသေတ္တာတွေ၊ လက်ပ်တော့တွေ၊ ရုပ်မြင်သံကြားတွေနဲ့ လေအေးပေးစက်တွေ ဝယ်ခဲ့ကြတယ်လို့ ကျူးဘားနိုင်ငံပိုင် တီဗီက ဖေဖော်ဝါရီ ၉ ရက် နှောင်းပိုင်းမှာ ထုတ်လွှင့်ပြသပါတယ်။
ကြက်ခိုးမှုဖြစ်တဲ့ အချိန်ကို အာဏာပိုင်တွေက မပြောပေမယ့် အအေးခန်းသိုလှောင်ရုံရဲ့ အပူချိန် အတက်အကျကိုတွေ့တဲ့ သန်းခေါင်ကနေ မနက် ၂ နာရီကြားအချိန် ဖြစ်နိုင်တယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။
ကြက်တွေကို အခင်းဖြစ်တဲ့နေရာကနေ သယ်လာတဲ့ ကုန်တင်ကားတွေကို လုံခြုံရေး ကင်မရာကနေ ဗီဒီယို ရိုက်ကူးနိုင်ခဲ့ပါတယ်။
စွဲချက်တင်ခံရသူ အယောက် ၃၀ ထဲမှာ စက်ရုံက အလုပ်ချိန် စီမံခန့်ခွဲသူနဲ့ အိုင်တီ လုပ်သားတွေ အပြင် လုံခြုံရေးအစောင့်တွေ၊ ကုမ္ပဏီနဲ့ တိုက်ရိုက်မသက်ဆိုင်တဲ့ အပြင်လူတွေလည်း ပါတယ်လို့ တီဗွီသတင်းမှာ ဖော်ပြထားပါတယ်။ အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ရင် သူတို့ဟာ ထောင်ဒဏ် အနှစ် ၂၀ အထိ ကျခံရနိုင်ပါတယ်။
Source/Photo-Reuters