ဘောလုံးပွဲစဉ်တွေမှာ စတင်အသုံးပြုဖို့ လုပ်ဆောင်နေတဲ့ အပြာကတ်ပြားပြသမဲ့ စည်းမျဉ်းသစ် ဟာ ဘောလုံးပွဲစဉ်တွေကို ဖျက်ဆီးလိမ့်မယ်လို့ စပါးနည်းပြ ပို့စ်တီကိုဂလူက ဝေဖန်သွားပါတယ်။
အင်္ဂလန် အက်ဖ်အေဟာ လာမယ့် ရာသီကစတင်ပြီး အမျိုးသမီးပွဲစဉ်တွေနဲ့ အက်ဖ်အေဖလားပွဲစဉ်တွေမှာ အဝါကတ်နဲ့ အနီကတ်တွေအပြင် ပြစ်ဒဏ်ကျူးလွန်မှုတချို့မှာ ပြသဖို့အတွက် အပြာကတ်အသုံးပြုဖို့ စီစဉ်လာ ခဲ့တာပါ။
အနီကတ်နဲ့ အဝါကတ်ရှိပြီးသားဖြစ်တဲ့အတွက် အပြာကတ် ထပ်တိုးလာတာက အဓိပ္ပါယ်မရှိ သလို အသင်းတသင်းက အပြာကတ် ပြသခံရပြီးနောက် ၁၀ ယောက်တည်းနဲ့ ၁၀ မိနစ်ကစားရမယ် ဆိုတာကလည်း မဟုတ်မှန်သေးကြောင်း ပို့စ်တီကိုဂလူက ပြောပါတယ်။
၁၀ ယောက်ကျန် အသင်း တသင်းအနေနဲ့ အထုတ်ခံထားရတဲ့ တဦးပြန်လည်ကစားနိုင်ဖို့အတွက် ၁ဝ မိနစ်ကို အချိန်ဆွဲပြီးကစားမှာဖြစ်တာကြောင့် အပြာကတ်ဟာ ဘောလုံးပွဲစဉ်တွေကို ဖျက်ဆီးလိမ့်မယ်လို့ သြစတြေးလျနည်းပြ ပို့စ်တီကိုဂလူက ဝေဖန်သွားခဲ့ပါတယ်။
Photo-Reuters