မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ သူ့နိုင်ငံကို ဘယ်ရန်သူမဆို အင်အားသုံးလာရင် သူ့တိုင်းပြည်ကလည်း ရန်သူတွေကို ချေမှုန်းဖို့ တွန့်ဆုတ်နေမှာ မဟုတ်ဘူးလို့ အစိုးရပိုင် ရုပ်မြင်သံကြား KRT မှ ဖေဖော်ဝါရီ ၉ ရက်မှာ ထုတ်လွှင့်ပါတယ်။
ကင်မ်ဂျုံအန်းဟာ ဖေဖော်ဝါရီ ၈ ရက်က စစ်တပ်ဖွဲ့စည်းခြင်း နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် စစ်ဘက်အရာရှိတွေနဲ့ စစ်သည်တွေ စုဝေးနေကြတဲ့ ကာကွယ်ရေးဝန်ကြီးဌာနကို သူ့သမီးဖြစ်သူနဲ့အတူ လာရောက်ချိန်မှာ ကင်မ်က သမိုင်းကြောင်းကို ပြောင်းလဲဖို့ ရဲရဲတင်းတင်း ဆုံးဖြတ်ချက်ချပြီး ကိုယ့်နိုင်ငံရဲ့ စူပါပါဝါအားလုံးကို အသုံးပြု ချေမှုန်းပစ်မှာဖြစ်တယ်လို့ မှတ်ချက်ပေး ပြောသွားခဲ့တာပါ။
၂၀၂၃ နှစ်ကုန်ပိုင်းက ပြုလုပ်သွားတဲ့ အာဏာရပါတီရဲ့ အဓိကအစည်းအဝေးမှာ ကင်မ်က ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေးဆိုတာ မဖြစ်နိုင်ဘူးလို့ ကြေညာသွားခဲ့ပြီး သူ့နိုင်ငံအနေနဲ့ တောင်ပိုင်းနဲ့ ဘယ်လိုဆက်ဆံမလဲဆိုတဲ့ မူဝါဒကို အပြောင်းအလဲ လုပ်နေတယ်လို့လည်း ပြောသွားခဲ့တာ ဖြစ်ပါတယ်။
Source/Photo-Reuters