ဘရာဇီး ဖက်ဒရယ်ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၈ ရက်နေ့မှာ သမ္မတဟောင်း ဘော်လ်ဆိုနာရိုရဲ့ နိုင်ငံကူးလက်မှတ်ကို သိမ်းဆည်းခဲ့ပြီး သူ့ရဲ့ အနီးကပ်ဆုံး လက်ထောက်တချို့ကိုလည်း ဖမ်းဆီးခဲ့ကြောင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဘရာဇီး သမ္မတဟောင်း ဂျိုင်းရ် ဘော်လ်ဆိုနာရိုဟာ ၂၀၂၂ ခုနှစ် ရွေးကောက်ပွဲမှာ ရှုံးနိမ့်ပြီးနောက် အာဏာသိမ်းဖို့ ကြိုးပမ်းမှုနဲ့ စုံစမ်းစစ်ဆေးရေး တစိတ်တပိုင်းအဖြစ်ခုလို လုပ်ဆောင်လိုက်တာပါ။
ဒီစစ်ဆင်ရေးဟာ ဘော်လ်ဆိုနာရိုရဲ့ မအောင်မြင်လိုက်တဲ့ ရွေးကောက်ပွဲ ပြန်မဝင်ခင်နဲ့ ရွေးကောက်ပွဲအပြီးတို့မှာ လုပ်ဆောင်မှုတွေအတွက် ဘော်လ်ဆိုနာရို၊ သူ့မိသားစုနဲ့ သူ့ရဲ့အင်အားအရှိဆုံး မဟာမိတ်တချို့တို့ကို တစုတဝေးတည်း ဖမ်းဆီးမိဖို့ ပိုပြီးနီးစပ်လာကြောင်း ပြနေပါတယ်။
သူ့ကိုယ်သူ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ရဲ့ ဘရာဇီးလူမျိုး ဗားရှင်းဆိုပြီး ပုံဖော် သုံးနှုန်းနေတဲ့ လက်ယာစွန်းဝါဒီ လှုံ့ဆော်ရေးသမား သမ္မတဟောင်းအတွက် အထူးစိုးရိမ်စရာ ဖြစ်နေပါတယ်။
သိမ်းဆည်းရမိထားတဲ့ နိုင်ငံကူးလက်မှတ်တွေကနေ နောက်ထပ်ဖမ်းဆီးခံရနိုင်ခြေတွေကို ညွှန်ပြနေပြီးတော့ သံသယရှိသူတွေကိုလည်း စွဲချက်တွေကို ရင်ဆိုင်ဖို့ ဘရာဇီးမှာ မဖြစ်မနေ ရှိနေရလိမ့်မယ်လို့ ဖေဖော်ဝါရီ ၈ ရက် စစ်ဆင်ရေးမှာ တိုက်ရိုက်ပါဝင်ပတ်သက်နေတဲ့ ဗဟိုရဲတပ်ဖွဲ့ သတင်းရင်းမြစ်တခုက ပြောပါတယ်။
ဘော်လ်ဆိုနာရိုဟာ ရွေးကောက်ပွဲဆိုင်ရာ မဟုတ်မမှန် မုသာဝါဒဖြန့်မှုနဲ့ ၂၀၃၀ ခုနှစ်အထိ နိုင်ငံရေးအရ အရည်အချင်း မပြည့်မီကြောင်း စီရင်ချက် ချထားခံရပြီးသား ဖြစ်တဲ့အပြင် သူ့ကို ထောင်ထဲထည့်နိုင်တဲ့ တခြား ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။
သူကတော့ ဘာအမှားအယွင်းမှ မကျူးလွန်ထားကြောင်း ငြင်းဆိုထားပြီး စုံစမ်းစစ်ဆေးမှုတွေဟာ နိုင်ငံရေးအရ လှုံ့ဆော်မှုဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
Source/Photo-Reuters