မန်ယူအသင်းရဲ့ လူငယ်ကစားသမားတွေဖြစ်တဲ့ ဟွိုက်လန်း၊ ဂါနာချိုနဲ့ မိန်နူးတို့ အနေနဲ့ ထိပ်တန်း အဆင့်ရောက်လာဖို့အတွက် သင်ယူစရာတွေရှိနေသေးကြောင်း နည်းပြ တန်ဟတ်ဂ်ကပြောသွား ပါတယ်။
အဆိုပါကစားသမား ၃ ဦးဟာ ယူနိုက်တက်အသင်းမှာ အတူပွဲထွက်ကစားတဲ့ပွဲစဉ်တွေမှာ ၁ ပွဲသာ ရှုံးနိမ့်သေးတာပါ။
သူတို့ဟာ မန်ယူအသင်းရဲ့ အနာဂတ်ကစားသမားတွေဖြစ်ပြီး လတ်တလော စွမ်းဆောင်ရည် ကောင်းမွန်နေပေမဲ့ ထိပ်တန်းအဆင့်ရောက်ဖို့ဆိုရင်တော့ သင်ယူစရာတွေ ရှိနေသေးကြောင်း တန်ဟတ်ဂ်ကပြောခဲ့တာပါ။
လူငယ်ကစားသမားတွေ အစွမ်းပြနေတဲ့အပေါ် ကျေနပ်မိပြီး သူတို့ဟာ အန္တရာယ်ရှိတဲ့ အတွဲအဖက်တွေဖြစ်ကြောင်း၊ ကလပ်အသင်းဘက်ကနေ ရည်မှန်းချက်ကြီးမားစွာနဲ့ ကူညီပေးသွားမှာဖြစ်ကြောင်း နည်းပြတန်ဟတ်ဂ်က ပြောသွားပါတယ်။
Photo-Reuters