Home
နိုင်ငံတကာ
အီတလီနှင့် ဂျပန် ဝန်ကြီးချုပ် ၂ ဦး တွေ့ဆုံ
DVB
·
February 6, 2024
Japan Italy_06022024

အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီဟာ တိုကျိုမြို့တော်ဆီ ရောက်လာပြီး ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါနဲ့  ဖေဖော်ဝါရီ ၅ ရက်က တွေ့ဆုံခဲ့ပါတယ်။

ကမ္ဘာ့စီးပွားရေး အင်အားကြီး ၇ နိုင်ငံအသင်း G7 ရဲ့ အလှည့်ကျဥက္ကဋ္ဌအဖြစ် မနှစ်က တာဝန်ယူခဲ့တဲ့ အိမ်ရှင် ဂျပန်နိုင်ငံဆီကနေ ဥက္ကဋ္ဌရာထူးကို အီတလီနိုင်ငံက ဒီနှစ်မှာ လွှဲပြောင်းရယူထားပါတယ်။

မယ်လိုနီနဲ့ ကီရှီဒါတို့ဟာ တွေ့ဆုံပွဲအပြီး ပူးတွဲသတင်းစာရှင်းလင်းပွဲမလုပ်မီ ဂုဏ်ပြု အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။

ကီရှီဒါက အီတလီနဲ့ ဂျပန် နှစ်နိုင်ငံဟာ လွတ်လပ်ခွင့်၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးတို့ အပါအဝင် စည်းမျဉ်းတွေ၊ တန်ဖိုးတွေကို မျှဝေထားတဲ့ အရေးကြီးတဲ့ ဗျူဟာမြောက် မိတ်ဘက်တွေလို့ ခေါ်ဆိုခဲ့ပါတယ်။

G7 ရဲ့ အိမ်ရှင်နိုင်ငံအဖြစ် မနှစ်က ဆောင်ရွက်ချက်အတွက် ဂျပန်နိုင်ငံကို ကျေးဇူးတင်တယ်လို့ မယ်လိုနီကလည်း ပြောခဲ့ပါတယ်။

“အလွန်ရှုပ်ထွေးတဲ့ နှစ်တနှစ်မှာ ဝန်ကြီးချုပ် ကီရှီဒါဟာ ယူကရိန်းစစ်ပွဲမှသည် အင်ဒို-ပစိဖိတ်ဒေသ တည်ငြိမ်ရေးအထိ ဒီနေ့ခေတ်ရဲ့ ကြီးကျယ်တဲ့ စိန်ခေါ်မှုတွေအပေါ် အာရုံစိုက်ထားနိုင်စေဖို့ စွမ်းဆောင်နိုင်ခဲ့တယ်၊ ဉာဏ်ရည်တုစီမံခန့်ခွဲမှုလို နိုင်ငံတကာ လုပ်ငန်းစဉ်တွေမှာ ပိုအချက်အချာကျလာနေတဲ့ ကိစ္စရပ်တွေကို အလေးထား ဆောင်ရွက်ဖို့ဟာ ကျနော်တို့ရဲ့ G7 ဥက္ကဋ္ဌသက်တမ်းအတွင်း ဆက်လုပ်ရမယ့် ဘာသာရပ်တွေပါ” လို့လည်း မယ်လိုနီက ပြောခဲ့ပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024