နောက်ခံလူ မာတီနက်ဇ်ဟာ ဒူးဒဏ်ရာကြောင့် အနည်းဆုံး ၈ ပတ်ကြာ အနားယူရမယ်လို့ မန်ယူအသင်းက အတည်ပြုသွားပါတယ်။
အာဂျင်တီးနားနောက်ခံလူဟာ ဝက်စ်ဟမ်းကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲစဉ်မှာ ဒူးဒဏ်ရာ ရရှိခဲ့တာပါ။ တနင်္လာနေ့က ဒဏ်ရာအခြေအနေကို စစ်ဆေးအပြီးမှာတော့ ပြင်းထန်မှုရှိခဲ့တာပါ။
မာတီနက်ဇ်အနေနဲ့ ရာသီမကုန်ခင်မှာ ပြန်ကစားနိုင်ဖို့ မျှော်လင့်ပြီး အမြန်ဆုံး ပြန်လည်ကောင်းမွန်လာပါစေကြောင်း မန်ယူအသင်းရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
မာတီနက်ဇ်ဟာ ဒဏ်ရာကြောင့် ကာလရှည် အနားယူခဲ့ရပြီးနောက် ၄ ပွဲမြောက်ပွဲစဉ်မှာပဲ ဒဏ်ရာထပ်မံရရှိခဲ့တာပါ။
သူဟာ အသင်းအတွက် အရေးပါတဲ့ ကစားသမားဖြစ်ပြီး ဒဏ်ရာရရှိခဲ့တာက အသင်းအတွက်သာမက သူ့အတွက်လည်း စိတ်ပျက်စရာဖြစ်ကြောင်း နည်းပြတန်ဟတ်ဂ်က မှတ်ချက်ပေးခဲ့ပါတယ်။
Photo-Reuters