ဒဏ်ရာကြောင့် အနားယူနေရတဲ့ မေဆန်မောင့်ကို ရာသီမကုန်ခင်မှာ ပြန်ကစားနိုင်ဖို့ နည်းပြတန်ဟတ်ဂ်က မျှော်လင့်ထားပါတယ်။
အင်္ဂလန်ကွင်းလယ်ကစားသမားဟာ ချဲလ်ဆီးကနေ ပြောင်းရွှေ့လာပြီးနောက် အသင်းသစ်မှာ ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရတာပါ။
ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက တံကောက်ကြောဒဏ်ရာကြောင့် ၃ လ ကြာအနားယူပေမဲ့ လက်ရှိအချိန်အထိ လေ့ကျင့်ခန်းပြန်မဆင်းနိုင်သေးပါဘူး။
မေဆန်မောင့်က အသင်းအတွက်အရေးပါပြီး အလွန်ကောင်းမွန်တဲ့ ကစားသမားဖြစ်ပေမဲ့ အလောတကြီး အသုံးပြုသွားမှာမဟုတ်ဘဲ ဒဏ်ရာအခြေအနေ တိုးတက်မူရှိလာဖို့သာ အဓိက ဖြစ်တယ်လို့ နည်းပြတန်ဟတ်ဂ်က ပြောပါတယ်။
မေဆန်မောင့်ဟာ ဒဏ်ရာပြန် လည်သက်သာလာပြီးနောက် လေ့ကျင့်ခန်းပြန်ဆင်းခဲ့ပေမဲ့ ဒဏ်ရာ ထပ်မံရရှိခဲ့တာဖြစ်ကြောင်း၊ ရာသီနောက်ပိုင်းကာလတွေမှာ ပြန်လည်ကစားနိုင်ဖို့ မျှော်လင့်ကြောင်း နည်းပြတန်ဟတ်ဂ်က ပြောသွားပါတယ်။
Photo - Reuters