Home
အားကစား
ကားလို့စ်တီဗက်ဇ်က အကြိုက်ဆုံးအသင်းဖော်ဖြစ်ဟု ဝိန်းရွန်းနီ ဖွင့်ဟ
DVB
·
February 3, 2024
rony 322024

တွဲဖက်ကစားခဲ့ဖူးတဲ့အသင်းဖော်တွေထဲမှာ ကားလို့စ်တီဗက်ဇ်က အကြိုက်ဆုံးအသင်းဖော်ဖြစ် ကြောင်း ဝိန်းရွန်းနီက ပြောသွားပါတယ်။

အာဂျင်တီးနားတိုက်စစ်မှူးဟောင်း တီဗက်ဇ်နဲ့ ဝိန်းရွန်းနီတို့ဟာ  ၂၀၀၇ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အထိ မန်ယူအသင်းမှာ အတူတွဲဖက်ကစားခဲ့တာပါ။

တခြား တိုက်စစ်မှူးတွေနဲ့ တွဲဖက်ကစားရာမှာ နံပါတ် ၁၀ နောက်ချန် တိုက်စစ်မှူးနေရာအဖြစ် ပြောင်းလဲကစားခဲ့ရပြီး တီဗက်ဇ်နဲ့ တွဲဖက်ကစားရာမှာတော့ နံပါတ် ၉ နေရာကို တယောက်တလဲ ပြောင်းလဲကစားလို့ရတာကြောင့်ဖြစ်တယ်လို့ ရွန်းနီက ပြောပါတယ်။

“ကျနော်အနှစ်သက်ဆုံး အသင်းဖော်ကတော့ တီဗက်ဇ်ပါ။ ကျနော်တို့နှစ်ယောက်ရဲ့ ဆက်သွယ်မှုကို တကယ်သဘောကျပါတယ်။ တွဲဖက်တိုက်စစ်မှူးတွေ အနေနဲ့ နားလည်မှုရှိရှိ ကစားနိုင်ခဲ့တယ်။ ပုံမှန်ဆိုရင် ဆာဟာ၊ နစ္စတယ်ရွိုင်း၊ ဗန်ပါဆီ ဘယ်သူတွေနဲ့ပဲ ကစားသည်ဖြစ်စေ သူတို့က နံပါတ် ၉ နေရာမှာ ကစားခွင့်ရပြီး ကျနော်က နံပါတ် ၁၀ နေရာမှာ ကစားရတယ်။ တီဗက်ဇ်နဲ့ ကတော့ လှည့်လည်ပြီး ကစားလို့ရတယ်။ ကျနော် နံပါတ် ၉ နေရာရောက်ရင် သူက နံပါတ် ၁၀ နေရာမှာ ကစားတယ်။ ဘောလုံးဆုံးရှုံးချိန်မှာလည်း   ကျနော်တို့ နှစ်ယောက်လုံးက ကျွဲနှစ်ကောင်လို ပြန်ရုန်းပြီး လိုက်ကစားတယ်” လို့ ဝိန်းရွန်းနီ ကပြောပါတယ်။

ရွန်းနီနဲ့ တီဗက်ဇ် တိုက်စစ်အတွဲဟာ မန်ယူအသင်းကို ၂၀၀၈ ခုနှစ်ချန်ပီယံလိဂ်မှာ ချန်ပီယံဖြစ်အောင် ကစားနိုင်ခဲ့သလို ပရီးမီးယားလိဂ်မှာလည်း အကောင်းဆုံးအတွဲအဖက်ဖြစ်ခဲ့ ပါတယ်။

Photo - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024