Home
နိုင်ငံတကာ
မက်တာကုမ္ပဏီက ပထမဆုံးအကြိမ် အမြတ်ခွဲဝေ၊ ရှယ်ယာစျေးတက်
DVB
·
February 2, 2024
Meta_02022024

ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် အနှစ် ၂၀ မပြည့်မီ ရက်ပိုင်းအလိုမှာ မိခင်ကုမ္ပဏီ မက်တာက ပထဆုံးအကြိမ် အစုအပေါ် အမြတ်ခွဲဝေမှုလုပ်မယ်လို့ ကြေညာခဲ့ပြီး ကြော်ငြာဝင်ငွေ အားကောင်းတာနဲ့အတူ ဝင်ငွေနဲ့ အကျိုးအမြတ်တွေ မျှော်မှန်းတာထက် ပိုရခဲ့ကြောင်း စာရင်းအချက်အလက်တွေပါ ထုတ်ပြန်ခဲ့ပါတယ်။

ဒီသတင်းနဲ့အတူ မက်တာရဲ့ အစုရှယ်ယာစျေးကလည်း ၁၄ ရာခိုင်နှုန်းတောင် ထိုးတက်သွားခဲ့ပြီး ကုမ္ပဏီရဲ့ စတော့စျေးကွက်တန်ဖိုးလည်း ဒေါ်လာ ၁၄၀ ဘီလီယံကျော်အထိ မြင့်တက်သွားခဲ့ပါတယ်။

နှစ်နှစ်ကျော်အတွင်း ပထမဆုံးအကြိမ် မက်တာရဲ့တန်ဖိုး စံချိန်တင် မြင့်တက်တာလည်း ဖြစ်ပါတယ်။

ဒီနာရီပိုင်းအတွင်း ထိုးတက်သွားတဲ့ တန်ဖိုးကတင် ပြိုင်ဘက်လူမှုကွန်ရက် Snap Inc ရဲ့ တန်ဖိုးတခုလုံးထက် ငါးဆပိုများပါတယ်။

အစုပေါ် အမြတ်က ရှယ်ယာတခုကို ဆင့် ၅၀ ဖြစ်ပြီး ရှယ်ယာပြန်လည်ဝယ်ယူမှုအတွက် ထပ်တိုး ဒေါ်လာ ဘီလီယံ ၅၀ ခွင့်ပြုပေးခဲ့ပါတယ်။

၂၀၀၄ ခုနှစ်က တက္ကသိုလ်အဆောင်တခုမှာ စတင်ထူထောင်ခဲ့တဲ့ ဖေ့စ်ဘွတ်ခ်ဟာ လက်ရှိမှာ လူ သန်း ၃,၀၀၀ ကို ချိတ်ဆက်ပေးထားနိုင်ပါတယ်။

တဖက်မှာတော့ ကိုယ်ရေးလုံခြုံမှု ချိုးဖောက်တာ၊ လူမှုကွန်ရက်ကို အသုံးချပြီး ကလေးသူငယ်တွေအပေါ် လိင်အကြမ်းဖက်တာ၊ အနိုင်ကျင့်တာ၊ အမုန်းစကားဖြန့်တာတွေကို ထိထိရောက်ရောက် မဟန့်တားနိုင်ခဲ့မှုအတွက်လည်း ဝေဖန်ခံနေရပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024