မန်ယူနောက်ခံလူ မာတီနက်ဇ်ရဲ့ အရပ်အမောင်းက ခေါင်းတိုက်ဘောတွေကို ကာကွယ်ရာမှာ လုံ လောက်မှုမရှိကြောင်း နောက်ခံလူဟောင်း ကာရေဂါက ဝေဖန်သွားပါတယ်။
အာဂျင်တီးနား နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ်ဟာ အရပ် ၅ ပေ ၉ လက်မ ရှိပြီး ဗဟိုခံစစ်မှူး တဦးအနေနဲ့ အလွန်သေးငယ်နေပြီး လုံလောက်မှုမရှိကြောင်း ဝေဖန်ခဲ့တာပါ။
သူသာ အသင်းနည်းပြတဦးဆိုရင် အရွယ်သေးငယ်ပြီး အရပ်နိမ့်တဲ့ ခံစစ်မှူးကို ဘယ်တော့မှာ ဝယ်ယူခဲ့မှာ မဟုတ်ကြောင်း၊ ဗဟိုခံစစ်မှူးတွေအနေနဲ့ တည်ကန်ဘောတွေကို ကောင်းမွန်စွာ ကာကွယ်နိုင်ဖို့ဆိုရင် အရပ် ၆ ပေ ၃ လက်မကနေ ၆ ပေ ၄ လက်မခန့် ရှိသင့်ကြောင်း ကာရေဂါကပြောပါတယ်။
မာတီနက်ဇ်ဟာ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကောင်းမွန်ပြီး ဘောလုံးနဲ့အတူ ကစားနိုင်သလို တိုက်ပွဲဝင်စိတ်ဓာတ်လည်းရှိကြောင်း ကာရေဂါက ချီးကျူးခဲ့ပေမဲ့ အရပ်အမောင်း နိမ့် နေတဲ့အပေါ်မှာတော့ ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။
Photo-Reuters