သီရိလင်္ကာနိုင်ငံ မြို့တော် ကိုလံဘိုက ရဲတပ်ဖွဲ့ဟာ အခွန်တိုးမြှင့်မှုနဲ့ စီးပွားရေး အကျပ်အတည်းအပေါ် ဆန့်ကျင်ဆန္ဒပြသူတွေကို ဇန်နဝါရီ ၃၀ ရက်က မျက်ရည်ယိုဗုံးတွေ ရေအမြောက်တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။
၂၀၂၂ ခုနှစ် ဧပြီလမှာ အစိုးရက ဒေဝါလီခံကြောင်း ကြေညာပြီးတဲ့နောက် လူနေမှုစရိတ် ကြီးမြင့်မှုကို ဆန့်ကျင်တဲ့ အဓိက အတိုက်အခံ ညီညွတ်သော ပြည်သူ့အင်အားပါတီက တောင်းဆိုတဲ့အတွက် ဆန္ဒပြသူ အယောက် ၁၀,၀၀၀ လောက် ပါဝင်ဆန္ဒပြခဲ့ကြပါတယ်။
သီရိလင်္ကာ အတိုက်အခံခေါင်းဆောင် ဆာဂျိသ် ပရီမာဒါဆာကလည်း ဆန္ဒပြသူတွေနဲ့ ပူးပေါင်းခဲ့ပြီး ပြည်သူ ၂၂ သန်းကို အငတ်ဘေးဆိုက်အောင် လူမဆန်ဆုံးဖိအားတွေ ပေးတယ်လို့ ပြောရင်း အစိုးရကို ပြစ်တင်ဝေဖန်ခဲ့ပါတယ်။
သီရိလင်္ကာ ကျွန်းနိုင်ငံမှာ အခုနှစ်နှောင်းပိုင်း သမ္မတရွေးကောက်ပွဲအတွက် ပြင်ဆင်နေချိန်မှာပဲ စီးပွားရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရပါတယ်။
ဇန်နဝါရီ ၃၀ ရက်မှာလည်း သီရိလင်္ကာ ဗဟိုဘဏ်က စျေးကွက်မျှော်မှန်းချက်နဲ့အညီ အတိုးနှုန်းကို တည်ငြိမ်အောင် ထိန်းထားခဲ့ပါတယ်။
အခွန်အသစ်က အသုံးစရိတ်အပေါ် ဖိအားတွေ ပိုတိုးလာစေပြီး ငွေကြေးဖောင်းပွမှုအတွက် စိုးရိမ်မှုတွေ မြင့်တက်လာလို့ အတိုးနှုန်းကို လျှော့ချခဲ့ပါတယ်။
၂၀၂၄ ခုနှစ်အစမှာ သီရိလင်္ကာဟာ လေးနှစ်တာ IMF အစီအစဉ်အရ ဝင်ငွေလျာထားချက် ပြည့်မီဖို့ တန်ဖိုးထပ်အခွန် (VAT) ကို ၁၅ ရာခိုင်နှုန်းကနေ ၁၈ ရာခိုင်နှုန်းဆီ တိုးမြှင့်ခဲ့ပါတယ်။
ဒါကြောင့် သီရိလင်္ကာရဲ့ အဓိက ငွေကြေးဖောင်းပွမှုနှုန်းကို ၂၀၂၂ ခုနှစ် စက်တင်ဘာလမှာ အမြင့်ဆုံး ၇၀ ရာခိုင်နှုန်းကနေ ၂၀၂၃ ခုနှစ်အကုန်မှာ ၄ ရာခိုင်နှုန်းထိ လျော့ကျသွားဖို့ တွန်းအားပေးခဲ့ပါတယ်။
Source/Photo-Reuters