ပင်လယ်နီရေလမ်းကြောင်း အဆင်မပြေဖြစ်မှုနဲ့ နိုင်ငံရေးမငြိမ်မသက်မှုတွေကြောင့် ကမ္ဘာ့ရေနံစျေးဟာ ဇန်နဝါရီ ၂၉ ရက်မှာ ၁ ရာခိုင်နှုန်းလောက် ခုန်တက်သွားခဲ့ပါတယ်။
ပင်လယ်နီမှာ ထရာဖာဂေါ်ရာကုမ္ပဏီရဲ့ ရေနံတင်သင်္ဘော ပစ်ခတ်ခံရတာ၊ ရုရှားမှာ ဒရုန်းထိတဲ့ ရေနံချက်စက်ရုံတွေ ပြင်ဆင်နေတာ၊ ဂျော်ဒန်မှာ အမေရိကန်တပ်ဖွဲ့ဝင်တချို့ ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီး သေဆုံးတာတွေဟာ ရေနံစျေးအပေါ် သက်ရောက်မှုရှိခဲ့ပါတယ်။
ဘရန့် ရေနံစိမ်းအနာဂတ်စျေး အညွှန်းကိန်းမှာ တနင်္လာနေ့က အမြင့်ဆုံး ရေနံတစည်ကို ၈၄ ဒသမ ၄၀ အထိ တက်သွားပြီး စျေးနှုန်းကတော့ အချိန်နဲ့အမျှ အပြောင်းအလဲ ရှိနိုင်ပါတယ်။
ယူကရိန်း ဒရုန်းတိုက်ခိုက်မှုတွေကြောင့် ရုရှားရေနံချက်စက်ရုံ အများအပြား ပြန်လည်ပြုပြင်နေရတဲ့အတွက် သန့်စင်ပြီးရေနံထုတ်ကုန် ထွက်ရှိမှု ကျဆင်းဖို့ ရှိနေပါတယ်။
ဆီးရီးယားနယ်စပ် ဂျော်ဒန်အရှေ့မြောက်ပိုင်းမှာ အခြေစိုက်ထားတဲ့ အမေရိကန်တပ်တွေ ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံးကာ ၃၄ ဦး ဒဏ်ရာရတဲ့ ဖြစ်စဉ်ကလည်း ရေနံစျေးအပေါ် သက်ရောက်မှု ကြီးကြီးမားမား ရှိလာနိုင်ပါတယ်။
ဒီကိစ္စကြောင့် အမေရိကန်ရဲ့ အရှေ့အလယ်ပိုင်း ပဋိပက္ခမှာ ပါဝင်မှု ပိုကျယ်ပြန့်လာနိုင်ပြီး အီရန်နဲ့ တိုက်ရိုက်ထိပ်တိုက်တိုးရင် ဒေသတွင်း ရေနံပံ့ပိုးမှုပိုင်း အနှောင့်အယှက် ရှိလာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။
နိုင်ငံစုံ ကုန်စည်ကူးသန်းရောင်းဝယ်ရေး ကုမ္ပဏီကြီး ထရာဖာဂေါ်ရာ ကလည်း ဟူသီတွေ တိုက်ခိုက်မှုကြောင့် သူတို့ ရေနံတင်သင်္ဘော မီးလောင်သွားခဲ့အပြီး နောက်ပိုင်းမှာ ပင်လယ်နီ လမ်းကြောင်းက သူ့သင်္ဘောတွေ သွားဖို့ကို ပြန်စဉ်းစားတော့မယ်လို့ ထုတ်ပြန် ကြေညာထားပါတယ်။
Source/Photo-Reuters