စပိန်ကမ်းခြေစောင့်တပ်ဖွဲ့ဟာ ဇန်နဝါရီ ၂၇ ရက်က ကနေရီကျွန်းတွေအနီး ကမ်းရိုးတန်းတွေကနေ ရွှေ့ပြောင်းနေထိုင်သူ ၃၄၄ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း ဒေသတွင်း အရေးပေါ်ဝန်ဆောင်မှုအဖွဲ့တွေက ပြောပါတယ်။
ကျွန်းစုတွေဆီရောက်ရှိဖို့ ကြိုးပမ်းကြရာမှာ အယ်လ်ယယ်ရိုကျွန်းဆီ ခေါ်ဆောင်လာတဲ့ ရွှေ့ပြောင်းနေထိုင်သူ ၁၁၈ ဦးထဲက ၃ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း စပိန်နိုင်ငံပိုင် ရုပ်သံလိုင်း RTVE က ဇန်နဝါရီ ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။
ဂရန်း ကနေရီယာကျွန်းမှာ သစ်သားလှေ ၂ စင်းနဲ့ သွားလာသူ ၉၉ ဦးကို ကမ်းခြေစောင့်တပ်တွေက ကယ်တင်ခဲ့ပြီး သူတို့ကို ကြက်ခြေနီအဖွဲ့က ကူညီဆောင်ရွက်ပေးနေတဲ့ အာရ်ဂင်နဂွင်းဆိပ်ကမ်းကို ခေါ်ဆောင်သွားခဲ့ပါတယ်။ တယ်နယ်ရိဖေးကျွန်းမှ တခြားရွှေ့ပြောင်းနေထိုင်သူ ၁၂၇ ဦးကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။
စပိန်နိုင်ငံကို ပင်လယ်လမ်းကြောင်းမှတဆင့် ပုံမှန်မဟုတ်ဘဲ ရွှေ့ပြောင်းဝင်ရောက်သူ ဦးရေဟာ ၂၀၂၃ ခုနှစ် အလားတူကာလထက် ဇန်နဝါရီလမှာ ၃၀၀ ရာခိုင်နှုန်းနီးပါး ခုန်တက်သွားခဲ့ပြီး အများစုဟာ ကနေရီကျွန်းတွေဆီ ရောက်ရှိလာခဲ့ကြောင်း တရားဝင် အချက်အလက်တွေအရ ဇန်နဝါရီ ၁၆ ရက်က ပြသထားပါတယ်။
မနှစ်က စပိန်နိုင်ငံကို ရွှေ့ပြောင်းဝင်ရောက်လာသူ အရေအတွက် ၉၂၁ ဦး ရှိခဲ့ရာကနေ ဇန်နဝါရီ ၁ ရက်မှ ၁၅ ရက်အထိ ပင်လယ်ရေကြောင်းကနေ အများစုမှာ ပျက်စီးလွယ်တဲ့ လှေတွေနဲ့ ဝင်ရောက်လာသူ စုစုပေါင်း ၃,၆၅၈ ဦးရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန စာရင်းတွေအရ သိရပါတယ်။
Source/Photo-Reuters