Home
နိုင်ငံတကာ
ဟူသီသူပုန်၏ ဒရုန်းတိုက်ခိုက်မှုကို ဗြိတိန်စစ်သင်္ဘော ကာကွယ်
DVB
·
January 29, 2024
UKWarship_29012024

ပင်လယ်နီထဲမှာ ယီမင်နိုင်ငံအခြေစိုက် ဟူသီအဖွဲ့က ဗြိတိန်စစ်သင်္ဘော HMS ဒိုင်းမွန်းကို ဇန်နဝါရီ ၂၇ ရက်က မောင်းသူမဲ့လေယာဉ်နဲ့ တိုက်ခိုက်တာကို ကာကွယ်ခဲ့တယ်လို့ ဗြိတိန်တာဝန်ရှိသူတွေက ပြောပါတယ်။

Sea Viper ဒုံးကျည်စနစ်ကို ဖြန့်ကျက်ထားလို့ သင်္ဘောကိုရော သင်္ဘောသားတွေကိုပါ ထိခိုက်တာ မဖြစ်စေဘဲ ပစ်မှတ်ထားတဲ့ ဒရုန်းတစီးကို ဖျက်ဆီးပစ်ခဲ့တယ်လို့ ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၈ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးရဲ့ စစ်ဆင်ရေးကို တုံ့ပြန်တဲ့အနေနဲ့ အီရန်နဲ့ မဟာမိတ်ဖွဲ့ထားတဲ့ ဟူသီလှုပ်ရှားမှုအဖွဲ့ဟာ နိုဝင်ဘာ ၁၉ ရက်ကစပြီး ပင်လယ်နီထဲမှာ သင်္ဘောတွေကို မောင်းသူမဲ့လေယာဉ်တွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်နေခဲ့ပါတယ်။

သောကြာနေ့ကတော့ ရေနံတင်သင်္ဘောတစီး တိုက်ခိုက်ခံရပြီး သင်္ဘောပေါ်မှာ မီးလောင်ခဲ့ပါတယ်။

အမေရိကန်နဲ့ ဗြိတိန် စစ်လေယာဉ်တွေ၊ သင်္ဘောတွေနဲ့ ရေငုပ်သင်္ဘောတွေက ဟူသီသူပုန်တွေကို ယီမင်နိုင်ငံတဝန်းမှာ အကြိမ်ပေါင်း ဒါဇင်နဲ့ချီ တိုက်ခိုက်ရင်း တုံ့ပြန်ခဲ့တာပါ။

HMS Diamond ကို တိုက်ရိုက်ပစ်မှတ်ထား တိုက်ခိုက်တဲ့ ဒရုန်းယာဉ်ကို စနေနေ့က အောင်အောင်မြင်မြင် တွန်းလှန်ခဲ့တယ်လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာန (MoD) က ဆိုရှယ်မီဒီယာ X ပေါ်မှာ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

“တရားမဝင်တဲ့ တိုက်ခိုက်မှုတွေကို လုံးဝလက်မခံနိုင်ဘဲ ပင်လယ်နီမှာ လွတ်လွတ်လပ်လပ် သွားလာခွင့်ကို ကာကွယ်ဖို့က ကျနော်တို့တာဝန်ပဲ၊ ဗြိတိန်နဲ့ နိုင်ငံတကာ အကျိုးစီးပွားတွေကို ကာကွယ်ဖို့ သူတို့ရဲ့ စွမ်းဆောင်မှုအတွက် HMS Diamond ရဲ့ ရဲရင့်တဲ့ အမှုထမ်းတွေကို ကျေးဇူးတင်တယ်” လို့ ကြေညာချက်ထဲမှာ ဖော်ပြပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024