Home
မြန်မာသတင်း
ဖုန်းလိုင်းဖြတ်မှုကြောင့် ရခိုင်ဒေသခံများ အင်တာနက် ခက်ခက်ခဲခဲရှာဖွေသုံးနေရ  (ဓာတ်ပုံ) 
DVB
·
January 29, 2024
Rakkhine Phone Internet_29012024
Rakkhine Phone Internet 1_29012024
Rakkhine Phone Internet 2_29012024
Rakkhine Phone Internet 3_29012024
Rakkhine Phone Internet 4_29012024

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီက ဆက်သွယ်ရေးဖုန်းလိုင်းတွေ ဖြတ်တောက်ထားတာကြောင့် ဒေသခံ ပြည်သူတွေဟာ ဖုန်းလိုင်းနဲ့ အင်တာနက်ရရှိတဲ့နေရာတွေကို ခက်ခက်ခဲခဲနဲ့ ရှာဖွေ အသုံးပြုနေရတယ်လို့ နယ်ခံတွေက ပြောပါတယ်။

ရခိုင်တပြည်နယ်လုံးအနှံ့ ဇန်နဝါရီ ၁၄ ရက်ကတည်းက စတင်ပြီးတော့ ဖုန်းလိုင်းတွေရော အင်တာနက်လိုင်းတွေကိုပါ စစ်ကောင်စီက ဖြတ်တောက်ထားတဲ့အတွက် ရခိုင်ဒေသတွင်းမှာ သတင်းအချက်အလက် စီးဆင်းမှုတွေအားလုံး ရပ်တန့်ကုန်ပြီး အင်တာနက်အနည်းငယ်သုံးဖို့နဲ့ ဖုန်းပြောဖို့  နာရီနဲ့ချီပြီး စောင့်ဆိုင်းနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဖုန်း၊ အင်တာနက်လိုင်းတွေ မရရှိတာကြောင့် ရခိုင်ပြည်မှာ ဘဏ်လုပ်ငန်းနဲ့ အင်တာနက်ကို အခြေပြုပြီး လုပ်ကိုင်နေရတဲ့  ငွေလွှဲလုပ်ငန်းတွေအပြင်၊ အွန်လိုင်း Shop လုပ်ငန်းတွေပါ ရပ်တန့်သွားပါတယ်။

ရခိုင်ဒေသတွင်းမှာ စစ်ကောင်စီက သတင်းအမှောင်ချတာတွေအပြင် လူ့အခွင့်အ‌ရေးချိုးဖောက်မှုတွေ ပြုလုပ်တာကို ဖုံးကွယ်တာဖြစ်တယ်လို့ ရခိုင်ဒေသတွင်း နိုင်ငံရေးသုံးသပ်သူတွေက ပြောပါတယ်။

အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ပြန်ဖွင့်ဖို့၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို ပေးခွင့်ပြုဖို့၊ ကုန်စည်စီးဆင်းမှုနဲ့ လွတ်လပ်စွာသွာလာခွင့်ပေးဖို့ ရခိုင်ဒေသခံတွေက လိုလားနေကြ ပါတယ်။

၁၀၂၇ စစ်ဆင်ရေးနဲ့အတူ စစ်ရေးအရှိန်မြှင့်တက်လာခဲ့တဲ့ ရခိုင်တကျော့ပြန် စစ်ပွဲတွေဟာ ၂၀၂၃ ခုနှစ်  နိုဝင်ဘာ ၁၃ ရက်က စတင်ခဲ့တာဖြစ်ပြီး လက်ရှိ  ရခိုင်ပြည်နယ်ရှိ  မြို့နယ် ၁၇ ခု အားလုံးလိုလိုမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (အေအေ)တပ်တွေ တိုက်ပွဲ ဖြစ်ပွားနေပါတယ်။

နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်လာတဲ့အလျောက် ထိခိုက်သေဆုံးသူနဲ့ ဒဏ်ရာရသူတွေဟာ ပိုတိုးပွားလာတဲ့ အပြင် စစ်ဘေးရှောင်သူတွေလည်း များပြားလာတဲ့အတွက် အကူအညီအထောက်အပံ့တွေ လိုအပ်နေပါတယ်။

စစ်ကောင်စီက ရခိုင်ဒေသတွင်း ကုန်စည်စီးဆင်းမှုနဲ့ ခရီးသွားလာခွင့်အားလုံးကို ပိတ်ပင်ထားပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေအားလုံးကိုလည်း  ပိတ်ပင်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024