ကမ္ဘာ့အကြီးဆုံး အပျော်စီးသင်္ဘော တော်ဝင်ကယ်ရစ်ဘီယံ Icon of the Seas ဟာ အမေရိကန်ပြည်ထောင်စု မိုင်ယာမီမြို့ကနေ ပထမဆုံးခရီးစဉ်အဖြစ် ဇန်နဝါရီ ၂၇ ရက်မှာ စပြီး ခရီးထွက်လာပါပြီ။
အရှေ့ဘက်ကာရေဘီယံဒေသတဝိုက်မှာ ခုနစ်ရက်ကြာ ခရီးစဉ်ကို စဖို့ မိုင်ယာမီဆိပ်ကမ်းကနေ ထွက်လာချိန်မှာ အရှည် ၁,၁၉၈ ပေရှိတဲ့ သင်္ဘောပေါ်ကနေ မီးရှူးမီးပန်းတွေ ပစ်လွှတ်နေတာကို ဒရုန်းဗီဒီယိုတွေမှာ မြင်တွေ့ရပါတယ်။
အပျော်စီးသင်္ဘောတွေကို လူကြိုက်များမှု မြင့်တက်လာတာကို အခွင့်ကောင်းယူထားတဲ့ Icon of the Seas သင်္ဘောဟာ ခရီးသည်နဲ့ အမှုထမ်း ၁၀,၀၀၀ နီးပါးကို ကုန်းပတ်ပေါင်း ၂၀ ပေါ်မှာ တင်ဆောင်နိုင်စွမ်းရှိတယ်လို့ Royal Caribbean က ပြောပါတယ်။
ဒါပေမဲ့ သဘာဝဓာတ်ငွေ့ရည်သုံး သင်္ဘောနဲ့ တခြား အပျော်စီး ဧရာမသင်္ဘောကြီးတွေက လေထုထဲကို အန္တရာယ်ရှိတဲ့ မီသိန်းတွေ ထုတ်လွှတ်မှာကို သဘာဝပတ်ဝန်းကျင်အဖွဲ့တွေက စိုးရိမ်နေကြပါတယ်။
Source/Photo-Reuters