ဂျာမန်ကလပ် ဘိုင်ယန်မြူးနစ်က တူရကီကလပ် ဂါလာတာစာရေး နောက်တန်းကစားသမား ဆပ်ရှာ ဘိုရေးကို ၄ နှစ်စာချုပ်နဲ့ တနင်္ဂနွေနေ့မှာ ခေါ်ယူလိုက်ပါတယ်။
ဘိုင်ယန်အသင်းဟာ နောက်တန်းမှာ အားထားရတဲ့ ကင်မင်ဂျေး၊ ကွင်းလယ်ခံစစ်သမား ကင်မစ်ချ်တို့ ဒဏ်ရာရရှိနေတာကြောင့် အားဖြည့်ဖို့ ခေါ်ယူလိုက်တာ ဖြစ်ပါတယ်။
အသက် ၂၃ နှစ်အရွယ် ဗဟိုနောက်ခံလူ ဆပ်ရှာ ဘိုရေးဟာ ပြင်သစ်လူငယ်ကစားသမား တယောက်ဖြစ်ပြီး ၂၀၂၁ မှာ ဂါလာတာစာရေးကို ရောက်ရှိခဲ့တာပါ။
သူ့ရဲ့ပြောင်းရွှေ့ကြေးနဲ့ ပတ်သက်လို့ ဘိုင်ယန်မြူးနစ်က တရားဝင်ဖော်ပြတာ မရှိပေမဲ့ ဂျာမန်မီဒီယာတွေမှာတော့ ပြောင်းရွှေ့ကြေး ယူရိုသန်း ၃၀ လောက် ရှိလိမ့်မယ်လို့ ခန့်မှန်း ဖော်ပြနေပါတယ်။
Photo-Reuters