မြန်မာအပါအဝင် နိုင်ငံပေါင်းစုံက အစားအစာနဲ့ ယဉ်ကျေးမှုမျိုးစုံကို တည်ခင်းဧည့်ခံတဲ့ Chiang Mai Food Festival ပွဲတော်ကို ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့ရှိ မြို့ဟောင်း ယဉ်ကျေးမှုစင်တာမှာ ဇန်နဝါရီ ၂၇ ရက်ကနေ ၂၈ ရက် အထိ ၂ ရက်ကြာ ကျင်းပနေပါတယ်။
ကမ္ဘာ့ဒေသအသီးသီးက အစားအစာတွေဟာ နိုင်ငံနယ်နိမိတ်တွေကို ကျော်ဖြတ်ပြီး လူသားတိုင်းရဲ့ အသည်းနှလုံးတွေဆီ အရောက်လှမ်းလာနေကြပြီး ချင်းမိုင်ဟာ မတူကွဲပြားမှုတွေရဲ့ ဆုံချက်မြို့တော်အဖြစ် အစားအသောက်၊ ယဉ်ကျေးမှုတွေကနေတဆင့် ပုံဖော်ပြသနိုင်ဖို့ ကြိုးစားနေပါတယ်။
မြန်မာ့ရိုးရာအစားအစာတွေ တည်ခင်းရောင်းချနေတဲ့ ဆိုင်ခန်း ၂၀ နဲ့အတူ ကမ္ဘာ့ဒေသ အသီးသီးက အစားအစာအမည်စုံကို ပုံစံမျိုးစုံနဲ့ ရောင်းချနေတဲ့ ဆိုင်ခန်းပေါင်း ၁၄၀ ပါဝင်တဲ့ Chiang Mai Food Festival ကို ပထမဆုံးအကြိမ်အဖြစ် ကျင်းပနေတာလည်း ဖြစ်ပါတယ်။