ဆွီဒင်နိုင်ငံက မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ NATO ရဲ့ အဖွဲ့ဝင်ဖြစ်လာရေး ကမ်းလှမ်းမှုကို အတည်ပြုပြီးတဲ့နောက် F-16 တိုက်လေယာဉ်တွေနဲ့ ခေတ်မီကိရိယာတွေ ဝယ်ယူရေး တူရကီအစိုးရရဲ့ တောင်းဆိုချက်အတွက် အမေရိကန်ဆီက လာမယ့် လှုပ်ရှားမှုကို စောင့်မျှော်နေတယ်လို့ တူရကီသမ္မတ တာရစ်အာဒိုဝမ်က ဇန်နဝါရီ ၂၆ ရက်မှာ ပြောပါတယ်။
အနောက်စစ်မဟာမိတ်အဖွဲ့မှာပါဝင်ရေး ဆွီဒင်လွှတ်တော်ရဲ့ သဘောတူညီချက်ကို လက်မှတ် ရေးထိုးပြီးတဲ့နောက် တရက်အကြာမှာ တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့တော်မှာ သတင်းထောက် တွေနဲ့ တွေ့ချိန်မှာ အာဒိုဝက ခုလို ပြောလိုက်တာပါ။
သူ့ရဲ့ နိုင်ငံခြားရေးဝန်ကြီးဟာ ဒီကိစ္စရပ်နဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့ အနီးကပ် ညှိနှိုင်း ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။
Source/Photo - Reuters