အိန္ဒိယနိုင်ငံရဲ့ ၇၅ နှစ်မြောက် သမ္မတနိုင်ငံနေ့ကို နယူးဒေလီမြို့တော်မှာ ဇန်နဝါရီ ၂၆ ရက်က ကျင်းပခဲ့ပါတယ်။
နိုင်ငံရဲ့ စစ်ရေးစွမ်းရည်၊ အစဉ်အလာနဲ့ ယဉ်ကျေးမှုတို့ကို ပြသ ချီတက်ခဲ့တာပါ။
ချီတက်ပွဲမတိုင်ခင် အိန္ဒိယဝန်ကြီးချုပ် နရင်ဒြာ မိုဒီက စစ်အထိမ်းအမှတ် မော်ကွန်းတိုက်မှာ လွမ်းသူ့ပန်းခွေချ အလေးပြုခဲ့ပါတယ်။
ဒီနှစ်ရဲ့ ဂုဏ်ထူးဆောင်ဧည့်သည်တော်ကတော့ ပြင်သစ်သမ္မတ အီမန်နျူယယ် မက်ခွန်းပါ။
ဒါကြောင့် ပြင်သစ်ဂုဏ်ပြုတပ်ဖွဲ့နဲ့ ကိုယ်စားပြု တပ်ဖွဲ့ တဖွဲ့တို့လည်း ပါဝင်ချီတက်ခဲ့ပါတယ်။
၂၀၂၃ ခုနှစ် ပါရီမြို့တော်က ဘတ်စ်တီ ချီတက်ပွဲမှာ အိန္ဒိယတပ်ဖွဲ့ဝင်တွေနဲ့ လေယာဉ်တွေ ပါဝင်ခဲ့ဖူးလို့ အပြန်အလှန် ပါဝင်ခဲ့တာလည်း ဖြစ်ပါတယ်။
အိန္ဒိယဟာ ၁၉၄၇ ခုနှစ်၊ ဩဂုတ် ၁၅ ရက်နေ့မှာ ဗြိတိသျှအုပ်ချုပ်မှုအောက်ကနေ လွတ်လပ်ရေး ရခဲ့ပေမယ့် နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၁၉၅၀ ခုနှစ် ဇန်န၀ါရီ ၂၆ ရက်နေ့မှာ အချုပ်အခြာ အာဏာပိုင် နိုင်ငံ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
Source/Photo - Reuters