မန်စီးတီးအသင်းဟာ ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုရှိခဲ့တယ်လို့ မှတ်ချက်ပေးခဲ့တဲ့ ဥရောပဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌကို နည်းပြဂွါဒီယိုလာက ပြန်လည်တုံ့ပြန်လိုက်ပါတယ်။
ဥရောပဘောလုံးအဖွဲ့ချုပ်ဟာ ၂၀၂၀ ပြည့်နှစ်က မန်စီးတီးကို ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုနဲ့ ဥရောပဝင်ခွင့် ၂ နှစ် ပိတ်ပင်တဲ့ ပြစ်ဒဏ် ချမှတ်ခဲ့ဖူးတာပါ။
ဒါပေမဲ့ အယူခံတင်သွင်းရာမှာ အားကစားဆိုင်ရာ ခုံရုံးကနေ အဲဒီပြစ်ဒဏ်အပေါ် ပြန်လည် ပယ်ဖျက်ခဲ့တာကြောင့် ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်ရခဲ့တာပါ။
လက်ရှိအချိန်မှာလည်း မန်စီးတီးအသင်းက ပရီးမီးယားလိဂ်ရဲ့ စစ်ဆေးမှု ထပ်မံခံနေရပြီး အခုနှစ် အတွင်း အမှုရင်ဆိုင်ရတော့မှာပါ။
ဥရောပဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဖြစ်သူ အလက်ဇန္ဒာ ဆာဖာရင်ကတော့ ၂၀၂၀ ပြည့်နှစ်က စီးတီး အပေါ် ပြစ်ဒဏ်ချမှတ်ခဲ့တာဟာ မှန်ကန်မှု ရှိခဲ့ပြီး မမှန်ကန်ဘဲနဲ့ ဥရောပွဲတွေ ၂ နှစ်ပွဲ ပယ် ချမှတ်ခဲ့မှာ မဟုတ်ကြောင်း မှတ်ချက်ပေးခဲ့တာပါ။
အဲဒီအပေါ်မှာ နည်းပြဂွါဒီယိုလာက ပြန်လည် ဝေဖန်ခဲ့ပြီး ဥရောပဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ တဦး အနေနဲ့ စုံစမ်းစစ်ဆေးနေစဉ်အတွင်းမှာ အသင်းအပေါ် လေးစားမှုရှိသင့်ကြောင်းနဲ့ အသင်းဘက်က ခုခံချေပသွားမယ်လို့ ပြန်လည်တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။
Photo - Reuters