ဘယ်လ်ဂျီယံလက်ရွေးစင်ကစားသမားဟောင်း အေဒင်ဟာဇက်ဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော် အကြာက ခြေထောက်နဲ့ ကန်ကျောက်ခဲ့ဖူးတဲ့ ဘောလုံးကောက်လူငယ်နဲ့ ပြန်လည် တွေ့ဆုံခဲ့ပါတယ်။
၂၀၁၃ ခုနှစ် ဇန်နဝါရီလက ယှဉ်ပြိုင်ကစားခဲ့တဲ့ ချဲလ်ဆီးနဲ့ ဆွမ်ဆီးစီးတီးတို့ရဲ့ လိဂ်ဖလားဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဟာဇက်က ဘောလုံးပြန်မပေးခဲ့တဲ့ ဘောလုံးကောက်လူငယ်ကို ကန်ကျောက်ခဲ့တာပါ။
အဆိုပါဖြစ်ရပ်ကြောင့် ဟာဇက် အနီကတ်ပြထုတ်ပယ်ခံရပြီး ကစားသမားဘဝရဲ့ အမည်းစက်တခု ဖြစ်ခဲ့ရတာပါ။
ကန်ကျောက်ခံခဲ့ရတဲ့ ဘောလုံးကောက်လူငယ်အမည်က ချာလီမော်ဂန်ဖြစ်ပြီး လက်ရှိအချိန်မှာ တော့ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင် တဦးဖြစ်နေပါပြီး Au Vodka အမှတ်တံဆိပ်နဲ့ ဗော်ကာပုလင်းတွေ ရောင်းချရာကနေ စီးပွားဖြစ်လာခဲ့ပြီး ဟာဇက်နဲ့လည်း ကြော်ငြာဓာတ်ပုံတွေ ရိုက်ကူးခဲ့ပါတယ်။
ဘောလုံးလောက ကနေ အနားယူပြီးနောက်မှာ ဒီလို မိတ်ဆွေဟောင်းတွေနဲ့ ၁၁ နှစ်ခန့်အကြာမှ ပြန်လည်တွေ့ဆုံရတာဟာ နှစ်သက်စရာကောင်းကြောင်း ဟာဇက်က ဆိုရှယ်မီဒီယာကနေ ပုံတင် ပြီး ရေးသားခဲ့ပါတယ်။
Photo - Reuters