Home
မြန်မာသတင်း
မန့်ဝိန်းကြီးတိုက်ပွဲတွင် တရုတ်ဘက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လွှဲပြောင်း
DVB
·
January 24, 2024
China-Myanmar_24012024

ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ မန့်ဝိန်းကြီးကျေးရွာမှာ ဖြစ်ခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက် တိုက်ပွဲမှာ တရုတ်နိုင်ငံဘက်ကို ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အရာရှိ ၄ ဦး အပါအဝင် ၅၇ ဦးကို ဇန်နဝါရီ ၂၂ ရက်က ​စစ်ကောင်စီဘက်ကို ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။

ပြန်လည်လွှဲပြောင်းပေးခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ခမရ ၄၂၄ က အရာရှိ ၁ ဦး၊ အခြားအဆင့် ၁၁ ဦးနဲ့ မှီခို ၂ ဦး၊ ခမရ ၁၀၂ က အခြားအဆင့် ၁၀ ဦး၊ ဆက်သွယ်ရေးတပ်က အခြားအဆင့် ၂ ဦး၊ မန့်ဝိန်းကြီးရဲစခန်းက အရာရှိ ၃ ဦး အခြားအဆင့် ၁၁ ဦး၊ နမ့်ခမ်းမြို့သစ် ပြည်သူ့စစ် ၁၁ ဦး စုစုပေါင်း ၅၇ ဦးဖြစ်ပါတယ်။

တရုတ်နိုင်ငံ တပ်မတော်ဘက်က တာဝန်ရှိသူ ဒုတိယဗိုလ်မှူးကြီး စုန်စီပေါက လွှဲပြောင်းပေးရာ စစ်ကောင်စီ တာဝန်ရှိသူ ခလရ ၂၉၀ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ရွှေမောင်က မန်ဝိန်းကြီး စစ်ဆေး​ရေးဂိတ်မှာ လွှဲပြောင်းလက်ခံခဲ့တယ်လို့ သိရပါတယ်။

အလားတူ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင် ဘန်ဒုဘန်ဂါကျေးရွာကို ပြေးဝင်လာတဲ့ စစ်ကောင်စီအဖွဲ့ဝင် အရာရှိ ၃၆ ယောက် အပါအဝင် အခြားအဆင့် ၂၄၀ ကိုလည်း အိန္ဒယနိုင်ငံမှာ သွားရောက်ခေါ်ယူခဲ့ရပြီး ပြန်လည်ခေါ်ယူတဲ့ ဒုတိယခရီးစဥ်အတွင်း အိုက်ဇောလေဆိပ်မှာ လေယာဥ်ပြေးလမ်းချော်မှု ဖြစ်ပွားခဲ့သလို လေယာဥ်လမ်းချော်ပြီး ဒဏ်ရာရသွားတဲ့ လူနာတွေတင်လာတဲ့ကားကလည်း တံတားကို ထပ်မံတိုက်မိခဲ့တယ်လို့ သိရပါတယ်။

၁၀၂၇ စစ်ဆင်ရေး ပြင်းထန်လာပြီး အရှိန်မြှင့်လာချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အလံဖြူပြ လက်နက်ချတာ၊ နီးစပ်ရာ တဖက်နိုင်ငံတွေကို ထွက်ပြေးတဲ့ဖြစ်စဥ်တွေ အများအပြား ဖြစ်နေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024