ဇန်နဝါရီလရောက်တိုင်း နှစ်စဉ် ကျင်းပနေကျဖြစ်တဲ့ ဆောင်းရာသီ မီးထွန်းပွဲတော်ကို လန်ဒန်မြို့တော်က နာမည်ကျော် Canary Wharf အဆောက်အအုံမှာ ကျင်းပနေပါတယ်။
ဒီပွဲတော်ကိုတော့ လည်ပတ်ကြည့်ရှုသူတွေကို ဝင်ကြေးအခမဲ့နဲ့ ဇန်နဝါရီ ၁၇ ရက်ကနေ ၂၇ ရက်နေ့အထိ ညနေ ၅ နာရီကနေ ၁၀ နာရီအထိ ပြုလုပ်နေတာပါ။
ပြိုးပြိုးပြက်ပြက် အလင်းတန်းတွေနဲ့ အလှဆင်ထားတဲ့ မီးထွန်းပွဲတော်ဟာ အအေးလွန်ကဲတဲ့ ရာသီနဲ့ မြို့တော်ကို မီးရောင်တွေနဲ့ တောက်ပလာစေပြီး သဘာဝတရားနဲ့ နည်းပညာတို့ရဲ့ ဆုံမှတ်အဖြစ် ဆက်စပ်ဖန်တီးမှုတခုဖြစ်တယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။
အခုနှစ်မှာတော့ လာရောက်လည်ပတ်သူတွေကို ဆွဲဆောင်နိုင်ဖို့ ယူကေနဲ့ နိုင်ငံတကာ အနုပညာရှင်တွေက ဖန်တီးမှု ၁၉ ခု ပါဝင်ပြသထားတာ ဖြစ်ပါတယ်။
Source/Photo - Reuters