အီကွေဒေါနိုင်ငံမှာ စစ်ဆင်ရေးတခုအတွင်း ကိုကင်း ၂၂ မက်ထရစ်တန်ကို စံချိန်တင် ဖမ်းဆီးရမိခဲ့တယ်လို့ တာဝန်ရှိသူတွေက ဇန်နဝါရီ ၂၂ ရက်မှာ ပြောပါတယ်။
ဒါဟာ အုပ်စုဖွဲ့ ရာဇဝတ်မှု တိုက်ဖျက်ရေး ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခ ဖြစ်နေတဲ့အချိန် ၂ ပတ်အတွင်း မူးယစ်ဆေးတွေကို အများဆုံးဖမ်းမိတဲ့ အမှုတွေထဲက တခုလို့လည်း အရာရှိတွေက ပြောပါတယ်။
မူးယစ်ဆေးဝါး ၇၃၃ ထုပ်ကို အာရှ၊ ဥရောပနှင့် အမေရိကတဝန်းကို ပို့ဖို့ ရည်ရွယ်ထားတာလို့ စစ်တပ်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ဒီစစ်ဆင်ရေးအတွက် ခြောက်လကြာ စောင့်ကြည့်စီမံခဲ့တာလို့လည်း ထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။
ဗင်းဆက်စ်မြို့လယ်က နေရာတခုမှာ အဓိကလေကြောင်းလိုင်းတွေရဲ့ နာမည်တွေကို ဖော်ပြထားတဲ့ အညွှန်းတွေပါပြီး ပလတ်စတစ်နဲ့ ထုပ်ပိုးထားတဲ့ ပါဆယ်ထုပ် အမြောက်အမြားကို ပြထားတဲ့ ဗီဒီယိုဖိုင်ကို အီကွေဒေါ လက်နက်ကိုင်တပ်ဖွဲ့တွေဟာ ဇန်နဝါရီ ၂၁ ရက်မှာ X လူမှုကွန်ရက်ပေါ်မှာ မျှဝေခဲ့ပါတယ်။
မကြာသေးမီက ဆေးရုံတစ်ရုံကို တိုက်ခိုက်တာ၊ ဓားစာခံ ဖမ်းဆီးတာနဲ့ လက်နက်ကိုင် သေနတ်သမားတွေက တိုက်ရိုက်ထုတ်လွှင့်နေတဲ့ ရုပ်မြင်သံကြားကို နှောင့်ယှက်တာ အပါအဝင် လုပ်ရပ်တွေအတွက် အင်အားကြီး ကိုကင်းမှောင်ခိုဂိုဏ်းတွေကို အီကွေဒေါအစိုးရက အပြစ်တင် ထားပါတယ်။
Source/Photo - Reuters