Home
နိုင်ငံတကာ
ဂျူးပစ်မှတ်များအား ဗုံးခွဲရန်ကြံစည်မှုဖြင့် ထောင်ဒဏ်ချမှတ်ခံရသူ ၁ ဦးကို ပြန်လွှတ်ပေး
DVB
·
January 22, 2024
US judge condemns FBI while ordering release of man in 'Newburgh Four' case

နယူးယောက်မြို့ရှိ ဂျူးတရားဟောခန်းမတွေနဲ့ ဂျူးအသိုက်အဝန်းစင်တာကို ဗုံးခွဲဖို့ ကြံစည်မှု၊ စစ်လေယာဉ်တွေကို ပစ်ချဖို့ ကြံစည်မှုတို့နဲ့ ၂၀၁၀ ပြည့်နှစ်မှာ ပြစ်ဒဏ်ချမှတ်ခံခဲ့ရတဲ့ တရားခံတယောက်ကို ထောင်ကနေလွှတ်ပေးဖို့ တရားသူကြီးက ဇန်နဝါရီ ၁၉ ရက်မှာ အမိန့်ထုတ်ခဲ့ပါတယ်။

၂၀၀၉ ခုနှစ်က ဂျူးဘုရားကျောင်းနဲ့ လူထုစင်တာတခုကို တိုက်ခိုက်ပြီး စစ်လေယာဉ်တွေကို စတင်ဂါဒုံးကျည်တွေနဲ့ ပစ်ချဖို့ စီစဉ်ကြံစည်ထားတဲ့ “Newburgh Four” လို့ လူသိများတဲ့ လူ ၄ ဦးကို ဖမ်းမိခဲ့တာပါ။

အမေရိကန် ခရိုင်တရားသူကြီး ကောလင်းန်မခ်မာဟန်ဟာ ကျန်အဖွဲ့ဝင် ၃ ဦးဖြစ်တဲ့ အွန်တာ ဝီလျံမ်စ်၊ ဒေးဗစ်ဝီလျံမ်စ်နဲ့ လာဂွဲရာပါယန်တို့ကို ပြီးခဲ့တဲ့ ဇူလိုင်လမှာ လွှတ်မိန့်ပေးခဲ့ပါတယ်။

စတုတ္ထလူ ဂျိမ်းစ်ခရောမစ်တီကိုတော့ အမှုကျူးလွန်ရာမှာ ဦးဆောင်သူအဖြစ် အစိုးရက သတ်မှတ်ခဲ့ပါတယ်။ အဲဒီတရားခံဟာ FBI ကြိုးကိုင်တဲ့အဖွဲ့ရဲ့ တစိတ်တပိုင်းဖြစ်တယ်လို့ တရားသူကြီးက ပြောပါတယ်။

တရားသူကြီးကို လူကြမ်းကြီးလို့ ကွယ်ရာမှာ သုံးနှုန်းခေါ်ဆိုခဲ့တဲ့  FBI ရဲ့ သက်တမ်းရှည် သတင်းပေး ရှာဟဒ်ဟူစိန်က ခရောမစ်တီကို စည်းရုံးစုဆောင်းခဲ့တာ ဖြစ်ပါတယ်။

ဟူစိန်ရဲ့ တာဝန်ဟာ ဗလီတွေထဲ စိမ့်ဝင်ပြီး အစွန်းရောက်ဖြစ်နိုင်တဲ့ လူတွေကို ရှာဖွေဖို့ဖြစ်ကြောင်း တရားသူကြီးက ရေးသားခဲ့ပါတယ်။ 

Source/Photo - Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013