Home
နိုင်ငံတကာ
ဟွမ်မုန်တိုင်းကြောင့် စပိန်ရှိ နေရာအများအပြား နှင်းဖုံး
DVB
·
January 20, 2024
A vehicle of the Fourth Emergency Intervention Battalion (BIEM IV) drives on its way to collaborate with the emergency services deployed in Soria, in Zaragoza

စပိန်နိုင်ငံ နေရာတော်တော်များများကို ဟွမ်မုန်တိုင်းကြောင့် နှင်းတွေ ထူထူထပ်ထပ် ဖုံးလွှမ်းသွား တဲ့ ကားလမ်းပေါ်မှာ ပိတ်မိနေတဲ့ ယာဉ်မောင်း ၆၀၀ လောက်ကို ကူညီပေးဖို့ စစ်တပ်ယူနစ်တွေကို စေလွှတ်ခဲ့ကြောင်း အာဏာပိုင်တွေက ဇန်နဝါရီ ၁၉ ရက်မှာ ပြောပါတယ်။

စပိန်နိုင်ငံမြောက်ပိုင်းရှိ ဆိုရီယာမြို့နဲ့ အက်ဂရေးဒါ ကြားရှိ N-122 လမ်းပေါ်မှာ နှင်းတွေကျပြီး ယာဉ်မောင်းတွေ နာရီပေါင်းများစွာ ပိတ်မိ သောင်တင်နေခဲ့တာကြောင့် အာဏာပိုင်တွေဟာ ယာဉ်မောင်းတွေကို ကူညီပေးဖို့ ဇာရာဂိုဇာမြို့ရှိ အခြေစိုက်စခန်းတခုမှ တပ်ဖွဲ့ဝင်တွေကို စေလွှတ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ 

ဆိုရီယာမြို့မှာ အပူချိန်က အနုတ် ၁၃ စင်တီဂရိတ် (၈.၆ ဖာရင်ဟိုက်) ကို ထိုးကျသွားကြောင်း ပြည်နယ် မိုးလေဝသခန့်မှန်းရေးဌာန AEMET က သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။ 

Source/Photo - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024