အရှေ့အာရှရေပြင်မှာ ကင်းလှည့်နေတဲ့ အမေရိကန်ရေတပ်စစ်သင်္ဘောတွေကို ပြုပြင်မွမ်းမံဖို့ ဂျပန် သင်္ဘောကျင်းတွေကို သုံးနိုင်မယ့် အလားအလာကို အမေရိကန်နဲ့ ဂျပန်တို့က ကြည့်ရှုမယ်လို့ ဂျပန်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ရမ်း အီမန်နျူယယ်က ဂျပန်မြို့တော် တိုကျိုအနားက ယိုခိုစုခါ့ ရေတပ်စခန်းမှာ ဇန်နဝါရီ ၁၉ ရက်က ပြောလိုက်ပါတယ်။
အမေရိကန်မှာ မဟုတ်ဘဲ ဂျပန်နိုင်ငံထဲမှာ သင်္ဘောတွေကို ပြုပြင်တာဟာ စစ်ဘက်ဆိုင်ရာ ပိုင်ဆိုင်မှုတွေကို ထားရှိခြင်းအားဖြင့် ဒေသတွင်း စစ်ရေးအရ အဟန့်အတား တိုးစေလိမ့်မယ်လို့ ရေတပ်စခန်းရဲ့ သင်္ဘောပြုပြင်ရေးဌာန အလုပ်သမားတွေကို ချီးမွမ်းခြင်း အခမ်းအနားမစမီ သတင်းထောက် တွေကို အီမန်နူရယ်က ပြောခဲ့ပါတယ်။
အစီအစဉ်ရဲ့ အလားအလာကောင်းတွေအဖြစ် တရုတ်နိုင်ငံအပေါ် စစ်ရေးအရ အဟန့်အတားကို အီမန်နျူယယ် က မီးမောင်းထိုးပြ ခဲ့ပါတယ်။
ဂျပန်နိုင်ငံဟာ ယိုခိုဆုခါ့ကနေ ဆောင်ရွက်နေတဲ့ တစ်ခုတည်းသော ရှေ့တန်းတပ်ဖြန့် တိုက်ခိုက်ရေး သင်္ဘောအုပ် အပါအဝင် အမေရိကန်ရဲ့ စစ်ရေးအင်အားကို ပြည်ပမှာ စုစည်းမှု အကြီးမားဆုံး အိမ်ရှင်အဖြစ် လက်ခံထားပါတယ်။
အမေရိကန်ရဲ့ တပ်မဟာ ၇ ခု ရေတပ်သင်္ဘောစုဟာ သင်္ဘောနှင့် ရေငုပ်သင်္ဘော ၇၀ အထိ ကွပ်ကဲထားပြီး သင်္ဘော အများစုက ဂျပန်နိုင်ငံမှာ အခြေစိုက်ထားပါတယ်။
Source/Photo - Reuters