အစ္စရေးတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဂါဇာကမ်းမြောင်တောင်ပိုင်းရှိ ခန်ယိုးနစ်စ်မြို့မှာ ဟားမတ်စ် အယောက် ၃၀ ကျော်ကို သတ်ဖြတ်ခဲ့ကြောင်း အစ္စရေးစစ်ဘက်ပြောရေးဆိုခွင့်ရှိသူက ဇန်နဝါရီ ၁၇ ရက်မှာ ပြောကြားခဲ့ပါတယ်။
တပ်ဖွဲ့တွေဟာ တောင်ပိုင်း ခန်ယိုးနစ်စ်မြို့ရှိ ဟားမတ်စ် တပ်ရင်းဆီကို သူတို့ရဲ့ စစ်ဆင်ရေးတွေ တိုးချဲ့လုပ်ဆောင်ခဲ့ကြောင်း ရေတပ်ဗိုလ်ချုပ် ဒယ်နီရယ် ဟာဂါရီက ရုပ်မြင်သံကြား ထုတ်ပြန်ချက်တခုမှာ ပြောပါတယ်။
“လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ပြင်းထန်တဲ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာမှာ စိတ်မကောင်းစရာ အနေနဲ့ အသေအပျောက်တွေလည်း ရှိခဲ့တယ်” လို့ သူက ဆိုပါတယ်။
ပါလက်စတိုင်း ကျန်းမာရေးတာဝန်ရှိသူတွေကတော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဂါဇာဒေသခံ ၁၆၃ ဦး သေဆုံးခဲ့ကြောင်း ပြောကြားခဲ့ပြီး အစ္စရေးရဲ့ ၄ လမြောက် ဂါဇာစစ်ပွဲမှာ သေဆုံးသူ ၂၄,၄၄၈ ဦးအထိ ရှိလာခဲ့ပြီလို့ ဆိုပါတယ်။
အစ္စရေးသတင်းမှာတော့ နောက်ထပ် စစ်သား ၂ ဦး ကျဆုံးကြောင်း အစီရင်ခံထားပြီး ဂါဇာကမ်းမြောင်မှာ မြေပြင်စစ်ဆင်ရေး စတင်ချိန်ကတည်းက သေဆုံးသူ ၁၉၃ ဦးအထိ ရှိထားပါတယ်။
Source/Photo-Reuters