အီရတ်မြောက်ပိုင်းရှိ ပစ်မှတ်တွေကို အီရန်ကနေ ဒုံးကျည် ၁၅ စင်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ဆင်ရေးလည်း အောင်မြင်တယ်လို့ အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့ရဲ့ လေကြောင်းတပ်ဖွဲ့ အကြီးအကဲ အာမီယာ အလီ ဟာဂျီဇာဒက်က ဇန်နဝါရီ ၁၆ ရက်မှာ ပြောပါတယ်။
ခိုက်ဘာ ရှက်ကန် ဒုံးကျည် ၄ စင်းကို ခူဇက်စ်တန် တောင်ပိုင်းက အိဒ်လစ်ဘ် ရှိ တက်ခ်ဖာ ရန်သူအဖွဲ့ကို ပစ်ခတ်ခဲ့တာဖြစ်ပြီး ကာမန်ရှားကနေ ဒုံးကျည် ၄ စင်းနဲ့ အီရန်ရဲ့ အရှေ့ဘက် အာဇာဘိုင်ဂျန်မှ ဇီယွန်ဝါဒီ ပစ်မှတ်တွေဆီကို ဒုံးကျည် ၇ စင်း ပစ်ခတ်ခဲ့ကြောင်း၊ အဲဒီစစ်ဆင်ရေးတွေဟာ ဘုရားသခင် ကျေးဇူးတော်ကြောင့် ည ၁၂ နာရီမှာ အရာအားလုံး အောင်မြင်စွာ ပြီးမြောက်ခဲ့ပါတယ်လို့ ဟာဂျီဇာဒက်က ပြောပါတယ်။
ဟာဂျီဇာဒက်ရဲ့ မှတ်ချက်တွေကို အီရန် TV မှာ ထုတ်လွှင့်ခဲ့တာဖြစ်ပြီး တော်လှန်ရေး အစောင့်တပ်မှူး ဗိုလ်မှူးချုပ် ဟိုစိန်ဆလာမီနဲ့ စကားပြောဆိုနေကြောင်း ပြည်တွင်းသတင်းဌာနတွေမှာ ဖော်ပြပါတယ်။
ဘဂ္ဂဒက်က အီရန်နိုင်ငံဆိုင်ရာ သံအမတ်ကြီးကို ပြန်ခေါ်ပြီး ကန့်ကွက်ဆန္ဒပြခဲ့ကာ တီဟီရန်က လည်း ဒီတပြိုင်နက်တည်း တိုက်ခိုက်မှုတွေဟာ အစ္စရေးသူလျှိုတွေရဲ့ ခြိမ်းခြောက်မှုကို ဟန့်တားဖို့ ရည်ရွယ်ထားကြောင်း ပြောကြားခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် အိမ်နီးချင်း မဟာမိတ်တွေအကြား ပုံမှန်မဟုတ်တဲ့ အငြင်းအခုံတွေ ဖြစ်ခဲ့ရပါတယ်။
အီရတ်ရဲ့ တစိတ်တပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကာဒစ်စတန်ဒေသရှိ အစ္စရေး သူလျှိုစင်တာကို အီရန်တော်လှန်ရေး အစောင့်တပ်တွေက တိုက်ခိုက်လိုက်ကြောင်း အီရန်မီဒီယာက ဇန်နဝါရီ ၁၅ ရက် နှောင်းပိုင်းမှာ ထုတ်ပြန်ပါတယ်။
ဆီးရီးယားမှာလည်း အိုင်အက်စ်အဖွဲ့ကို ဆန့်ကျင်တိုက်ခိုက်ခဲ့ကြောင်းလည်း ထိပ်တန်းတပ်ဖွဲ့က ပြောကြားသွားပါတယ်။
Source/Photo-Reuters