ပြင်သစ်ဟာ ဒေသတွင်းတင်းမာမှုကို ရှောင်ရှားလိုတာကြောင့် အီရန် ကျောထောက်နောက်ခံပြု ဟူသီသူပုန်တွေကို တိုက်ခိုက်ရာမှာ အမေရိကန် ဦးဆောင်တဲ့ တိုက်ခိုက်မှုတွေမှာ ပြင်သစ်က ပါဝင်ခဲ့ခြင်းမရှိကြောင်း သမ္မတ အီမန်နျူယယ် မက်ခွန်းက ဇန်နဝါရီ ၁၆ ရက်မှာ ပြောကြားခဲ့ပါတယ်။
“ကျနော်တို့က အရေးယူဆောင်ရွက်နေပေမဲ့ စစ်ရေးမူဘောင်နဲ့ လုပ်နေတာမဟုတ်ဘဲ ဒါဟာ သံတမန်ရေးရာကိစ္စပါ” လို့ မက်ခွန်းက ပြောပါတယ်။
ဘာလို့လဲဆိုတော့ ဒေသတွင်း တည်ငြိမ်ရေးနဲ့ တိုးမြင့်မှု မရှိဘူးဆိုတဲ့ အချက်ကို နိုးနိုးကြားကြားနဲ့ သတိကြီးကြီး ထားနေရတယ်လို့ ဆိုပါတယ်။
ပင်လယ်နီမှာ ပြင်သစ်ရဲ့ချဉ်းကပ်မှုဟာ ခံစစ်ဖြစ်ပြီး ပါရီက ဒီရပ်တည်ချက်ကို လိုက်နာမှာ ဖြစ်ကြောင်း မက်ခွန်းက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။
Source/Photo-Reuters