Home
အားကစား
ဒီဘရိုင်းက ပရီးမီးယား အကောင်းဆုံးကွင်းလယ်ကစားသမားမဟုတ်ဟု ခရစ်ဆက်တန်သုံးသပ်
DVB
·
January 16, 2024
Premier League - Newcastle United v Manchester City

မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းက ပရီးမီးယားလိဂ်သမိုင်းရဲ့ အကောင်းဆုံးကွင်းလယ် ကစားသမားမဟုတ်ကြောင်း အင်္ဂလန်တိုက်စစ်မှူးဟောင်း ခရစ်ဆက်တန်က သုံးသပ်ပြောပါတယ်။

ဒီဘရိုင်းဟာ စီးတီးအသင်းနဲ့အတူ  ပရီးမီးယားလိဂ်ချန်ပီယံ ၅ ကြိမ်ရရှိအောင်စွမ်းဆောင်နိုင်ခဲ့သလို အသင်းအတွက် ပထမဆုံးအကြိမ် ဥရောပချန်ပီယံလိဂ်ဆုဖလားရရှိအောင်လည်း ကူညီနိုင်ခဲ့တာပါ။

ပြီးခဲ့တဲ့တစ်ပတ်က ဒဏ်ရာကနေ ၅ လကြာအနားယူပြီးနောက် ပထမဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လူစားဝင်ပြီး ချေပဂိုးသွင်းခဲ့သလို အနိုင်ဂိုးအတွကလည်း ဖန်တီးခဲ့တာပါ။

ဒီဘရိုင်းဟာ ပရီးမီးယားလိဂ်ရဲ့ အခမ်းနားဆုံးသော ကစားသမားစာရင်းမှာပါဝင်ပေမဲ့ အကောင်းဆုံးတော့ ဟုတ်ကြောင်း၊ ဒီဘရိုင်း ထက်ပိုကောင်းတဲ့ သူနှစ်ဦး ရှိသေးကြောင်း ဆက်တန်က ပြောပါတယ်။

ပရီးမီးယားလိဂ်သမိုင်းမှာ အကောင်းဆုံးကစားသမား ၅ ဦးရှိပြီး ဗီအဲယာက နံပါတ် ၅၊ ဖရန့်လမ်းပတ်က နံပါတ် ၄၊ ဒီဘရိုင်းက နံပါတ် ၃ နေရာမှာရှိကြောင်း ဆက်တန်က ပြောပါတယ်။ နံပါတ် ၂ နေရာမှာ မန်ယူကွင်းလယ်လူဟောင်း ရွိုင်ကိန်းရှိပြီး အကောင်းဆုံး ကွင်းလယ်က စားသမားကတော့ ပေါလ်စခိုးဖြစ်ကြောင်း ဆက်တန်က သုံးသပ်သွားတာဖြစ်ပါတယ်။ 

Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024