Home
မြန်မာသတင်း
သထုံခရိုင်တွင် ဒေသခံများ ကူးစက်ယားနာများ ဖြစ်ပွားနေ
DVB
·
January 15, 2024
Tha Hton Tsp

ကရင်အမျိုးသားအစည်းအရုံး၊ ကေအန်ယူထိန်းချုပ်နယ်မြေ၊ သထုံခရိုင် တပ်မဟာ ၁ နယ်မြေမှာ ရွာသားတွေ ကူးစက်ယားနာတွေ အဖြစ်များနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရောဂါလက္ခာဏာမှာ တချို့က ယားပြီး အနာစက်တွေလို ဖြစ်ပွားနေကာ တချို့က မီးလောင်အနာလို ဖြစ်နေသလို ပြည်တည်အနာတွေလည်း ဖြစ်ပွားနေကြပါတယ်။

ရောဂါဖြစ်ပွားသူတဦးက “စစတုန်းက ယားတာကနေစတာ၊ ပြီးတော့ အရည်ကြည်ဖုလေးတွေလို ဖြစ်ပြီး အမြဲယားနေတာ၊ ကုတ်တဲ့အရည်ကနေလည်း အနာက ဆက်ပွားတာ။ ရေမသန့်တာလည်းပါတယ်ထင်တာပဲ။ ဒီဘက်တွေက ချောင်းရေတွေ ချိုးကြတာဆိုတော့” လို့ ပြောပါတယ်။

ဒေသခံတွေအပြင် တော်လှန်ရေးရဲဘော်တွေမှာလည်း ဖြစ်ပွားနေကာ ကလေးငယ်တွေမှာလည်း ရောဂါလက္ခဏာ တွေ့ရှိနေပါတယ်။

ဆေးမှူးတဦးက “သူတို့ကို ရေချိုးရင် ဆပ်ပြာနဲ့မချိုးခိုင်းဘူး။ သောက်ဆေးပေးတဲ့သူကို ပေးပြီး အနာကျက်ဆေးလည်း ပေးထားပါတယ်။ တော်တော်များများ အဖြစ်များနေပါတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က သထုံခရိုင်မှာ တော်လှန်ရေးရဲဘော်တွေ ရေမသန့်ရှင်းမှုကြောင့် ယားနာဖြစ်ပွားပြီး ခုလက်ရှိ ယားနာဖြစ်ပွားသူဦးရေ ၁၀၀ ကျော်ရှိပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024