စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ ဇန်နဝါရီ ၁၂ ရက်နေ့ မနက် ၁၀ နာရီ ၃၀ မိနစ်လောက်က စစ်ကြောင်းထိုးနေတဲ့ အင်အား ၈၀ ခန့်ပါ စစ်ကြောင်းက ပျဥ်ထောင်နဲ့ တဲစုရွာတွေမှာ ညအိပ်ခဲ့ပြီး ရေဦးကိုအသွား မြင်းကျကျေးရွာအနီးမှာ တော်လှန်ရေးအင်အားစုတွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေထံက သိရပါတယ်။
တိုက်ပွဲအတွင်း အထိအခိုက် အကျအဆုံးများတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ကျွန်းတောကြီးကျေးရွာက ၃၄ နှစ်အရွယ် ကိုယ်ဝန်ဆောင် မယဥ်၊ မြင်းကျကျေးရွာက စစ်ဘေးရှောင် အသက် ၅၀ အရွယ် ဦးလှဝင်း နဲ့ ဦးမြင့်ဆွေ၊ ကားဆိပ်ကျေးရွာက မယဥ်မိုး အသက် ၄၈ နှစ်တို့ကို သတ်ဖြတ်ထားခဲ့တယ်လို့ ဒေသတွင်း ကူညီကယ်ဆယ်ရေးအဖွဲ့တွေထံက သိရပါတယ်။
အဲဒီနောက် စစ်ကောင်စီစစ်ကြောင်းဟာ ညနေ ၃ နာရီလောက်မှာ ရေဦးကို ပြန်ခေါက်သွားခဲ့တယ်လို့ ရေဦးမြို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ ဇန်နဝါရီ ၃ ရက်ကစတင်ပြီး ရေဦးမြို့မှ ခင်ဦး၊ ရွှေဘို၊ ရွှေဘိုမှ ခင်ဦး၊ ရေဦးကို ၁၀ ရက်ကြာ စစ်ကြောင်းထိုးခဲ့တာကြောင့် ဒေသခံ ၅,၀၀၀ ကျော်လည်း စစ်ဘေးရှောင်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကြောင်းတလျှောက် ဖမ်းဆီးခံရသူ ၃ ဦးရှိပြီး ပြန်မလွတ်လာသောဘူးလို့ မိသားစုနဲ့ နီးစပ်သူတွေထံက သိရပါတယ်။