Home
မြန်မာသတင်း
ရန်ကုန်တွင် ခိုးမှု၊ ဖောက်ထွင်းမှု များလာသဖြင့် လုံခြုံရေးဝန်ဆောင်မှုလုပ်ငန်းများ ဝင်ငွေကောင်း
DVB
·
January 9, 2024
security_09012024

ရန်ကုန်အတိုင်းအတွင်းရှိ မြို့နယ်အသီးသီးမှာ ညဘက်သာမက နေ့ခင်းဘက်တွေပါ သူခိုး အခိုးခံရတာနဲ့ ဖောက်ထွင်းခံနေရတာတွေ များနေတာကြောင့် လုံခြုံရေးဝန်ဆောင်မှု လုပ်ငန်းတွေကနေ လုံခြုံရေးဝန်ထမ်း ငှားရမ်းတာတွေ များနေတယ်လို့ လုံခြုံရေးဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတွေဆီက သိရပါတယ်။

“အာဏာမသိမ်းခင်က ကုမ္ပဏီတွေလောက်ပဲ လာငှားတာမျိုးတွေရှိတော့ အလုပ်ပါးတယ်။ ရုံးမှာ ဝန်ထမ်း အပိုထားနေရသလို ဖြစ်ခဲ့တယ်။ ဒီနောက်ပိုင်းကျတော့ လုံခြုံရေးဝန်ထမ်းတွေ ထပ်ခေါ်နေရတယ်။ လာငှားတဲ့အချိန် ပေးစရာလူမရှိရင် ကြိုတင်ငှားရမ်းတဲ့ အခြေအနေထိ ဖြစ်သွားတယ်” လို့ အင်းစိန်မြို့နယ်က လုံခြုံရေးဝန်ဆောင်မှုပေးနေသူတဦးက ပြောပါတယ်။

ဒီလို လုံခြုံရေးငှားရမ်းတာတွေကို ကုမ္ပဏီတွေ၊ စက်ရုံတွေသာမကပဲ ရပ်ကွက်တွေမှာရှိတဲ့ တိုက်ခန်းတွဲ၊ အိမ်ရာတွေကလည်း ညပိုင်းအတွက် လုံခြုံရေးဝန်ထမ်း ၂ ဦးကနေ ၃ ဦးအထိ ရပ်ကွက်နေပြည်သူတွေရဲ့ ကိုယ်ထူကိုယ်ထစနစ်နဲ့ ငှားရမ်းနေကြတယ်လို့ သိရပါတယ်။

“မငှားလို့မရဘူး။ နေ့ခင်းဘက်တောင် စက်ဘီးရပ်ထားရင် စက်ဘီးပျောက်တာ။ ကိုယ် ဆိုင်ဖွင့်ထားတာ လမ်းဘေးမှာ။ သော့တလုံးပဲ ခတ်ထားရတာ။ အကာအရံဆိုတာလည်းရှိတာ မဟုတ်ဘူး။ ရပ်ကွက်က စုပေါင်းစပ်ပေါင်း နဲ့ လုံခြုံရေးငှားကြမယ်ဆိုတော့ ဆိုင်အတွက်လည်း စိတ်မပူရတော့လက်ခံပြီး ငှားကြတာ” လို့ မရမ်းကုန်းမြို့နယ်မှာ အရက်အေးဂျင့်ဖွင့်ထားသူတဦးက ပြောပါသေးတယ်။

ဒီလိုခိုးမှု၊ ဖောက်ထွင်းမှုတွေ ဖြစ်နေပေမယ့် စစ်ကောင်စီရဲတပ်ဖွဲ့ကို တိုင်ကြားနိုင်တာမျိုးမရှိဘဲ တိုင်ကြားလျင်လည်း အရေးယူတာမျိုးမရှိဘူးလို့ ရန်ကုန်မြို့ခံတွေက ဆိုပါတယ်။

အာဏာသိမ်းပြီးနောက် နေ့ထူး၊ နေ့မြတ်တွေနဲ့ နှစ်သစ်ကူးကာလတွေ၊ အထိမ်းအမှတ်နေ့တွေရောက်တိုင်း စစ်ကောင်စီက အကျဉ်းသားတွေ စေလွှတ်ပေးခဲ့ရာ ၂၀၂၁ ခုနှစ်ကနေ ဒီနေ့အထိ အကျဉ်းသား ၇ သောင်းကျော် စေလွှတ်ပေးခဲ့ပြီး အများစုဟာ ခိုးဆိုးလုနှိုက်၊ လူသတ်မှု၊ မူးယစ်ဆေး နဲ့ ပတ်သက်သူတွေ အများစုသာပါဝင်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024