Home
နိုင်ငံတကာ
အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် ဟစ်ဇ်ဘိုလာ ထိပ်တန်းတပ်မှူး ၁ ဦး သေဆုံး
DVB
·
January 9, 2024
Hezbollah_09012024

လက်ဘနွန်နိုင်ငံတောင်ပိုင်းမှာ တနင်္လာနေ့က အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဟစ်ဇ်ဘိုလာ ထိပ်တန်းတပ်မှူးတဦး သေဆုံးခဲ့ကြောင်း အဆိုပါအဖွဲ့နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေရဲ့ ပြောကြားချက်အပေါ် ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

ဟစ်ဇ်ဘိုလာရဲ့ ရက်ဒ်ဝန်အထူးတပ်ဖွဲ့ တပ်မှူးဖြစ်သူ ဝီဆမ် တာဝီလ်ဟာ နိုင်ငံတောင်ပိုင်း စစ်ဆင်ရေးတွေကို ဦးဆောင်သူဖြစ်ပြီး လက်ရှိပဋိပက္ခအတွင်းမှာ ဟစ်ဇ်ဘိုလာဘက်က သေဆုံးသူတွေထဲမှာ ရာထူးအကြီးဆုံး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက်က ဟစ်ဇ်ဘိုလာရဲ့ မဟာမိတ် ဟားမတ်စ်တို့က  ဂါဇာကမ်းမြောင်ကို တိုက်ခိုက်ခဲ့ပြီးနောက် အစ္စရေးရဲ့ ဂါဇာထိုးစစ်နဲ့အတူ ကျယ်ပြန့်လာတဲ့ ဒေသတွင်းပဋိပက္ခမှာ ဟစ်ဇ်ဘိုလာဘက်ကလည်း သေဆုံးသူ ၁၃၀ ကျော် ရှိလာပြီ ဖြစ်ပါတယ်။

၂၀၀၆ ခုနှစ်က အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာ စစ်ပွဲနောက်ပိုင်း အသေအပျောက်များဆုံး ပဋိပက္ခအသစ်မှာ ဟစ်ဇ်ဘိုလာဘက်က အစ္စရေးနယ်မြေထဲကို ရော့ကက်တွေ၊ တခြားလက်နက်တွေနဲ့ ပစ်ခတ်ခဲ့သလို အစ္စရေးကလည်း လေကြောင်း၊ လက်နက်ကြီးတွေနဲ့ လက်ဘနွန်နိုင်ငံထဲက ဟားမတ်စ်စခန်းတွေကို တိုက်ခိုက်ခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုတွေကြောင့် နှစ်ဖက်စလုံးက နယ်စပ်မှာနေထိုင်သူ သောင်းချီ အိုးအိမ်စွန့်ခွာခဲ့ကြရပြီး ပိုမိုကျယ်ပြန့်တဲ့ ပဋိပက္ခအသွင် ဖြစ်လာမှာကို ပူပန်နေကြပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024