Home
နိုင်ငံတကာ
သြစတြေးလျတွင် နာဇီပုံစံအလေးပြုခြင်းကို တားမြစ်သည့်ဥပ‌ဒေ ပြဋ္ဌာန်း
DVB
·
January 9, 2024
Australia_09012024

နာဇီပုံစံ အလေးပြုတာ၊ အကြမ်းဖက်အဖွဲ့တွေနဲ့ ဆက်နွှယ်တဲ့ သင်္ကေတတွေ ပြသ ရောင်းချတာတွေကို တားမြစ်တဲ့ ဥပဒေတွေ ဩစတြေးလျနိုင်ငံမှာ ဇန်နဝါရီ ၈ ရက်ကစပြီး အသက်ဝင်ခဲ့ပါတယ်။

ဒီဥပဒေဟာ နာဇီပုံစံနဲ့ လူသိရှင်ကြား အလေးပြုတာ၊ နာဇီစကြာ ဒါမှမဟုတ် ရွှတ်ဇ်စတာဖယ် အရန်အဖွဲ့ (SS) ဆက်စပ်နေတဲ့ မိုးကြိုးနှစ်ထပ် သင်္ကေတကို ပြတာအတွက် ထောင်ဒဏ် ၁၂ လအထိ ပြစ်ဒဏ်ချမှတ်နိုင်ပါတယ်။ ဒီသင်္ကေတတွေကို အရောင်းအဝယ် လုပ်တာကိုလည်း အလားတူ တားမြစ်ထားပါတယ်။

အောက်တိုဘာ ၇ ရက်က အစ္စရေးမှာ လူပေါင်း ၁,၂၀၀ သေဆုံးပြီး အယောက် ၂၄၀ လောက် ဓားစာခံအဖြစ် ဖမ်းဆီးခံရတဲ့ ဟားမတ်စ်တို့ရဲ့ တိုက်ခိုက်မှုအပြီး ဒီဇင်ဘာလမှာ အတည်ပြုလိုက်တဲ့ ဩစတြေးလျ ဥပဒေဟာ ဆီမိုက်မျိုးနွယ်စုတွေအပေါ် မုန်းတီးရေးနဲ့ အစ္စလာမ်မုန်းတီးရေး မြင့်တက်နေချိန်မှာ အရေးပါတဲ့ ဥပဒေသစ်တရပ် ဖြစ်လာခဲ့တယ်လို့ အစ္စရေးတာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024