နာပိုလီတိုက်စစ်မှူး ဗစ်တာအိုဆီမန်အနေနဲ့ ပရီးမီးယားလိဂ်ဆီ ပြောင်းရွှေ့ပြီး လုပ်နိုင်စွမ်းကို ပြသဖို့ တိုက်စစ်မှူးဟောင်း အဒီဘာယောက တိုက်တွန်းသွားပါတယ်။
အသက် ၂၅ နှစ်ရှိ နိုင်ဂျီးရီးယား တိုက်စစ်မှူးဟာ အီတလီကလပ် နာပိုလီမှာ ခြေစွမ်းပြသနေပြီး ပရီးမီးယားလိဂ် ထိပ်တန်းအသင်းတွေကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေကြတာပါ။
ပြီးခဲ့တဲ့လပိုင်းကပဲ နာပိုလီနဲ့ ၂၀၂၆ ခုနှစ်အထိ သက်တမ်းတိုးခဲ့ပေမဲ့လည်း ဘယ်လောက်အထိ စွမ်းဆောင်ပြနိုင်သလဲဆိုတာကို သိရဖို့ဆိုရင် ပရီးမီးယားလိဂ်ဆီ ပြောင်းရွှေ့ကစားသင့်ကြောင်း အဒီဘာယောက ပြောပါတယ်။
အိုဆီမန်အနေနဲ့ ပရီးမီးယားလိဂ်မှာ ကစားနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ မှန်ကန်တဲ့ သဘောထား ရှိတာကြောင့် ပရီးမီးယားလိဂ်ဆီ လာရောက်ကစားသင့်ကြောင်း အဒီဘာယောက ပြောသွားပါတယ်။
Photo-Reuters