ဒဏ်ရာကြောင့် အချိန် ၅ လကြာ အနားယူခဲ့ရတာက ကောင်းမွန်တဲ့အရာတွေ ရှိခဲ့တယ်လို့ မန်စီးတီးကွင်းလယ်လူ ကီဗင်ဒီဘရိုင်းက ပြောပါတယ်။
ဘယ်လ်ဂျီယံကစားသမားဟာ ပြီးခဲ့တဲ့နှစ် သြဂုတ် ၁၂ ရက်က ဘန်လေနဲ့ပွဲမှာ တံကောက်ကြောဒဏ်ရာ ရရှိခဲ့ပြီးနောက် ၅ လလောက် အနားယူခဲ့ရတာပါ။
ပြီးခဲ့တဲ့သီတင်းပတ်မှာတော့ ဒဏ်ရာက ပြန်ကောင်းလာပြီးနောက် ဟတ်ဒါဖီးလ်တောင်းနဲ့ ပွဲစဉ်မှာ လူစားဝင်ကစားခဲ့တဲ့ ဒီဘရိုင်းဟာ ဂိုးဖန်တီးမှုတကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။
ဒဏ်ရာရရှိပြီး အနားယူတာမျိုး မလိုချင်ပေမဲ့ ဒဏ်ရာရရှိသွားချိန်မှာတော့ အားသာချက်တခု အနေနဲ့ ကောင်းမွန်တဲ့အရာတွေလည်း ရှိခဲ့ကြောင်း၊ ဖြတ်သန်းခဲ့တဲ့ ၁၀ နှစ်လုံးလုံးမှာ အခုလောက် အနားမယူခဲ့ဘူးကြောင်း ဒီဘရိုင်းက ပြောပါတယ်။
အနားယူချိန်အတွင်းမှာ မိသားစုကို အချိန်ပေးခဲ့ပြီး ကလေးသုံးဦးကိုလည်း အနီးကပ် ပြုစုစောင့်ရှောက်နိုင်ခဲ့ကာ အငှားယာဉ်မောင်းတယောက်လို ဖြစ်ခဲ့ကြောင်း ဒီဘရိုင်းက ပြောသွားပါတယ်။
Photo-Reuters