ဘရာဇီးလက်ရွေးစင်အသင်းဟာ လစ်လပ်နေတဲ့ နည်းပြချုပ်ရာထူးအတွက် ပြည်တွင်းကလပ် ဆော်ပေါ်လိုနည်းပြ ဒိုယီဗယ်ကို ခေါ်ယူ ခန့်အပ်တော့မှာပါ။
မနေ့ကပဲ ကလပ်အသင်းဘက်က ထွက်ခွာကြောင်း တရားဝင်သတင်းထုတ်ပြန်ခဲ့ပြီး ဘရာဇီးအသင်းဘက်ကလည်း ချက်ချင်းထုတ်ပြန်သွားဖို့ ရှိပါတယ်။
ဘရာဇီးအသင်းကို တာဝန်ယူခွင့်ရတာဟာ အိပ်မက်တွေအမှန်တကယ်ဖြစ်လာတာ ဖြစ်ကြောင်း ဒိုယီဗယ်ကဆိုပါတယ်။
အသက် ၆၁ နှစ်ရှိ နည်းပြ ဒိုယီဗယ်ဟာ ဘရာဇီးကလပ် အတော်များများကို တာဝန်ယူခဲ့သူဖြစ်ပြီး မနှစ်က ဖလာမင်ဂိုကနေ ဆော်ပေါ်လိုအသင်းဆီပြောင်းရွှေ့လာခဲ့တာပါ။
ဒိုယီဗယ်အနေနဲ့ ဥရောပဆီ ခြေစွမ်းပွဲတွေလာရောက်ကစားမယ့် မတ်လအတွင်းပွဲစဉ်တွေဟာ သူ့ရဲ့ ဘရာဇီးနည်းပြဘဝ ပထမဆုံးပွဲစဉ်တွေ ဖြစ်လာတော့မှာပါ။
ဘရာဇီးအသင်းဟာ မတ်လအတွင်းမှာ အင်္ဂလန်၊ စပိန်အသင်းတွေနဲ့ ခြေစမ်းကစားဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။
Photo-Reuters