အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ်၊ အာမဒ်ဒါဘတ်မြို့မှာ နိုင်ငံတကာ စွန်လွှတ်ပွဲတော်ကို သီတင်းတပတ်ကြာ ကျင်းပနေတာမှာ ဇန်နဝါရီ ၇ ရက်က ကောင်းကင်မှာ အရောင်အသွေးစုံတဲ့ စွန်းပုံစံမျိုးစုံကို မြင်တွေ့ရပါတယ်။
စွန်လွှတ်သူတဦးဖြစ်တဲ့ နီတေ့ရှ်လာတူက ဟိန္ဒူဘာသာကို ကမ္ဘာအနှံ့ ပြန့်ပွားစေချင်လို့ ဟိန္ဒူဘာသာမှာ ထာဝရဥပဒေဖြစ်တဲ့ စာနာတန် ဓမ္မကို လူကြိုက်များအောင် စွန်ကို ဖန်တီးခဲ့တယ်လို့ ပြောပါတယ်။
သူလွှတ်တင်တဲ့ စွန်ပေါ်မှာ ရာမဘုရားနဲ့ လက်ရှိ အယုဒ္ဓယမြို့မှာ တည်နေတဲ့ ဘုရားကျောင်းတို့ပုံကို ဖော်ပြထားပါတယ်။
ဒီစွန်လွှတ်ပွဲတော်ဟာ ဇန်နဝါရီ ၁၄ ရက်မှာ ကျင်းပမယ့် အိန္ဒိယစပါးရိတ်သိမ်းပွဲတော် မတိုင်မီ ကျင်းပတာပါ။
ပွဲဆင်နွှဲသူ ဒိန်းမတ်နိုင်ငံက အမ်မာကလည်း “အရမ်းစိတ်ဝင်စားစရာကောင်းတဲ့ အိန္ဒိယက မတူကွဲပြားတဲ့ စွန်လွှတ်သူတွေ အများကြီးနဲ့ တွေ့ဖူးတယ်။ ရင်ဖွင့်ကြိုဆိုတဲ့ ခံစားချက်မျိုး အမြဲရတယ်” လို့ ပြောပါတယ်။
ဒီနှစ် စွန်လွှတ်ပွဲတော်ကို နိုင်ငံပေါင်း ၇၀ ကျော်က ဝါသနာရှင် အယောက် ၁၅၀ ကျော် ပါဝင်ခဲ့ပါတယ်။
Source/Photo-Reuters