မန်ယူအသင်းရဲ့ တောင်ပံကစားသမား ဂျေဒန်ဆန်ချိုအနေနဲ့ အသင်းရဲ့ အနာဂတ်အစီအစဉ်တွေမှာ ပါဝင်ခွင့်ဆုံးရှုံးရပြီးနောက် လက်ရှိမှာ အသင်းဟောင်း ဒေါ့မွန်အသင်းရဲ့ ရင်ခွင်မှာ ပြန်လည် ခိုလှုံသွားတော့ဖို့ရှိပါတယ်။
အနာဂတ်တွေအပြည့်နဲ့ ဒေါ့မွန်မှာခြေစွမ်းပြနေတဲ့ ဒီကစားသမားကို မန်ယူအသင်းအနေနဲ့ ၂၀၂၁ ခုနှစ်မှာ ပေါင် ၇၃ သန်းအထိပေးပြီး အိုးထရက်ဖို့ဒ်ဆီ အရောက်ခေါ်ယူကာ ၅ နှစ်စာချုပ်ခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ အသက် ၂၃ နှစ်အရွယ် ကစားသမားအနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၃ စက်တင်ဘာလက အာဆင်နယ် အသင်းနဲ့ အဝေးကွင်းပွဲစဉ်မှာကတည်းက အသင်းအတွက် ကစားခွင့်ဆုံးရှုံးနေခဲ့တာပါ။
ဆန်ချိုအနေနဲ့ အသင်းနည်းပြတန်ဟတ်နဲ့ အဆင်မပြေဖြစ်ခဲ့ပြီးနောက် အကယ်ဒမီအသင်းနဲ့ သွားရောက်ပူးပေါင်းခဲ့ရတဲ့ကာလတွေလည်း ကြုံခဲ့ရတာပါ။
ဒါတင်မကသေးပါဘဲ စည်းကမ်းပိုင်းဆိုင်ရာ အားနည်းချက်တွေကြောင့်ဆိုတဲ့ ခေါင်းစဉ်နဲ့ မန်ယူစီနီယာအသင်းရဲ့ ခပ်ဝေးဝေးမှာနေဖို့အတွက်ပါ အသင်းကနေ စာထုတ်ခြင်းခံခဲ့ရတဲ့ အခြေအနေဆိုးရွားခဲ့တာပါ။
လက်ရှိမှာတော့ စိတ်ပျက်ဖွယ်ကောင်းတဲ့ အိုးထရက်ဖို့ဒ်နေ့ရက်တွေက သူ့အတွက် ပြီးဆုံးတော့မှာပါ။
သူ့အနေနဲ့ ဒေါ့မွန်အသင်းဆီ ကနဦး အငှားနဲ့သွားရောက်ကစားမှာဖြစ်ပြီး အခွန်ကိစ္စရပ်တွေ ဆွေးနွေးညှိနှိုင်းပြီးတာနဲ့ ဒီအပြောင်းအရွှေ့က အပြီးသတ်ဖို့ ရှိပါတယ်။
ဒါကြောင့် ဆန်ချိုရဲ့ ဘွန်ဒက်လီဂါ တကျော့ပြန်ခရီးစဉ်က ဇန်နဝါရီအပြောင်းအရွှေ့ရဲ့ အစောဆုံးအပြောင်းအရွှေ့ ဖြစ်လာမယ်လို့ တောင် ထင်မှတ်ရပါတယ်။
Photo-Reuters