Home
မြန်မာသတင်း
လွတ်လပ်ရေးနေ့ လွတ်ငြိမ်းခွင့်ဖြင့် အကျဉ်းသား ၉၆၅၂ ဦးလွှတ်ပေး၊ အင်းစိန်ထောင်မှ နိုင်ကျဉ်းအချို့ ပြန်လွတ်
DVB
·
January 4, 2024
jail-7 412024
jail-6 412024
jail-5 412024
jail-4 412024
jail-3 412024
jail-2 412024
jail-1 412024
jail 412024
jail 412024

ဇန်နဝါရီ ၄ ရက်မှာကျရောက်တဲ့  ၇၆  နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အကျဉ်းသား ၉၀၀၀ ကျော်ကို စစ်ကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့ရာမှာ ဒီနေ့ နေလယ်ပိုင်းမှာ အင်းစိန်ထောင်ကနေ အကျဉ်းသားထောင်ချီ ပြန်လွှတ်ပေးခဲ့ပြီး ပုဒ်  ၅၀၅-ကနဲ့  အကျဉ်းကျနေသူတွေလည်း ပါဝင်တယ်လို့  လွတ်မြောက်လာသူတွေက ပြောပါတယ်။

ဒီနေ့ လွတ်မြောက်လာတဲ့အထဲမှာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၅ ရက်က ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်း ဆန္ဒပြပွဲမှာ ဖမ်းဆီးခံရတဲ့ Myanmar Pressphoto Agency ရဲ့ ဓာတ်ပုံ သတင်းထောက် ကောင်းဆက်လင်းလည်း ပါဝင်ခဲ့ပါတယ်။

ဒါ့အပြင် ဖမ်းဆီးခံ အနုပညာရှင် တချို့လည်း ပြန်လွတ်လာတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အနေနဲ့  နိုင်ငံတဝန်း အကျဉ်းထောင်အသီးသီးကနေ အကျဉ်းသား၊ အကျဉ်းသူ  ၉၆၅၂ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့သလို  နိုင်ငံခြားသား အကျဉ်းသား၊အကျဉ်းသူ ၁၁၄ ဦးကိုလည်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုပြီး ပြည်နှင်ဒဏ် ပေးခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024