တော်လှန်ရေး ရုပ်ရှင်ဇာတ်လမ်းတိုတကားအနေနဲ့ ဖန်တီးပုံဖော်ထားတဲ့ “သစ္စာ” ရုပ်ရှင်ကို လာမယ့် ဇန်နဝါရီ ၄ ရက်၊ လွတ်လပ်ရေးနေ့မှာ DVB အပါအဝင် PVTV နဲ့ မိတ်ဖက်မီဒီယာတွေကနေ အခမဲ့ ထုတ်လွှင့်ပြသသွားဖို့ ရှိနေပါတယ်။
ဒီကားထဲမှာတော့ တော်လှန်အနုပညာရှင်တွေ ဖြစ်ကြတဲ့ အောင်မြင့်မြတ်၊ ဘုန်းဆက်သွင်၊ အောင်လေး၊ ဒေါင်းကြီးတို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပြီး မိုးသွန်းက စီစဉ်ရိုက်ကူးထားတာပါ။
ဒီကားရဲ့ ထုတ်လုပ်သူအဖြစ် NUG အစိုးရ ပြောရေးဆိုခွင့်ရှိသူ နေဘုန်းလတ်က တာဝန်ယူထားပြီး တည်းဖြတ်အနေနဲ့ ဒါရိုက်တာ ဏကြီး၊ တေးဂီတကိုတော့ အဆိုတော် လင်းလင်းတို့က တာဝန်ယူတင်ဆက်ထားကြပါတယ်။
“သစ္စာ” ရုပ်ရှင်ဇာတ်လမ်းတိုကိုတော့ ဇန်နဝါရီ ၄ ရက်ညနေ ၇ နာရီအချိန်မှာ တော်လှန်သူ ပရိသတ်တွေ ခံစားကြည့်ရှုနိုင်ဖို့အတွက် PVTV နဲ့ မိတ်ဖက် Media Channel တွေကတဆင့် Free to Air တပြိုင်နက်တည်း ထုတ်လွှင့်ပြသသွားမယ်လို့ ဆိုပါတယ်။