တရုတ်နဲ့ ထိုင်ဝမ်ရဲ့ ဆက်ဆံရေးကို ပြည်သူ့ဆန္ဒနဲ့အညီ ဆုံးဖြတ်ရမှာဖြစ်ပြီး ငြိမ်းချမ်းရေးကလည်း ဂုဏ်သိက္ခာအပေါ် အခြေခံရမယ်လို့ ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ်က ဇန်နဝါရီ ၁ ရက်မှာ ပြောလိုက်ပါတယ်။
တရုတ်သမ္မတ ရှီကျင့်ဖျင်က ထိုင်ဝမ်နဲ့ တရုတ်ပြည်မကြီး ပေါင်းစည်းရေးက ရှောင်လွှဲလို့ မရနိုင်ဘူးလို့ ပြောအပြီး ခုလို တုံ့ပြန် ပြောဆိုလိုက်တာပါ။
ထိုင်ဝမ်မြို့တော် ထိုင်ပေက သမ္မတရုံးမှာ နှစ်သစ်ကူး သတင်းစာရှင်းလင်းပွဲအတွင်း ရှီရဲ့ မိန့်ခွန်းနဲ့ ပတ်သက်ပြီး မေးရာမှာ ဆိုင်က ခုလို ဖြေကြားခဲ့တာလည်း ဖြစ်ပါတယ်။
တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးမှာ လိုက်နာရမယ့် အရေးကြီးဆုံးမူက ဒီမိုကရေစီ ဖြစ်တယ်လို့လည်း ဆိုင်က ဆက်ပြောပါတယ်။
ထိုင်ဝမ်ဟာ ကုန်သွယ်ရေး အဟန့်အတားတွေ လုပ်ထားခဲ့တယ်လို့ တရုတ်က စွပ်စွဲပြီးတဲ့နောက် ထိုင်ဝမ်အတွက် အဟန့်အတားတချို့ကို အဆုံးသတ်ပေးခဲ့ပါတယ်။
ဒါပေမဲ့ အရင်အပတ်က နောက်ထပ် စီးပွားရေးကန့်သတ်ချက်တွေ ထပ်လုပ်မယ်လို့ တရုတ်က ထိုင်ဝမ်ကို ခြိမ်းခြောက်ခဲ့ပါတယ်။
ထိုင်ဝမ်ကုမ္ပဏီတွေဟာ ကမ္ဘာကြည့် ကြည့်မြင်ပြီး ကွဲပြားအောင် ဆောင်ရွက်ရမယ်လို့ ဆိုင်က ပြောပါတယ်။
ဇန်နဝါရီ ၁၃ ရက်မှာ ကျင်းပမယ့် ထိုင်ဝမ်ရွေးကောက်ပွဲ မတိုင်မီ ထိုင်ဝမ်ကိုပိုင်တယ်လို့ တရုတ်က အခိုင်အမာပြောရင်း စစ်ရေး၊ စီးပွားရေး ဖိအားတွေ ပိုတိုးပေးနေပါတယ်။
ဒါ့အပြင် ထိုင်ဝမ်ရွေးကောက်ပွဲကို စစ်နဲ့ ငြိမ်းချမ်းရေးကြားက ရွေးချယ်မှုအဖြစ် တရုတ်က ပုံသွင်းနေပြီး ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ်က ကမ်းလှမ်းတဲ့ ဆွေးနွေးပွဲတွေကို ငြင်းဆန်ခဲ့ပါတယ်။ ဆိုင်ကိုလည်း ခွဲထွက်ရေးသမားအဖြစ် ယုံတယ်လို့ တရုတ်က ပြောခဲ့ပါတယ်။
Source/Photo-Reuters