ပြင်သစ်နိုင်ငံရင်ဆိုင်နေရတဲ့ အကြမ်းဖက်ခြိမ်းခြောက်မှုက အလွန်မြင့်နေလို့ ခုသီတင်းပတ်ကုန် ကာလမှာ ကျင်းပမယ့် နှစ်သစ်ကူးပွဲတွေမှာ ရဲနဲ့ စစ်သားအများအပြား တပ်ဖြန့်ချထားမယ်လို့ ပြင်သစ် ပြည်ထဲရေးဝန်ကြီး ယရတ်ဒါမနာက ဒီဇင်ဘာ ၂၉ ရက်မှာပြောပါတယ်။
ပြင်သစ်နိုင်ငံတဝန်းမှာ ရဲတပ်ဖွဲ့ဝင် အယောက် ၉၀,၀၀၀ လောက် ချထားမှာဖြစ်ပြီး သူတို့ထဲက အယောက် ၆,၀၀၀ ကို မြို့တော် ပါရီမှာ ထားမယ်လို့ ပြောပါတယ်။
အကြမ်းဖက်ခြိမ်းခြောက်မှုတွေကို ကိုင်တွယ်ဖို့ ထူထောင်ထားတဲ့ ဆောင့်ကျိနဲလ် တပ်ဖွဲ့က တပ်ဖွဲ့ဝင် အယောက် ၅၀၀၀ ကိုလည်း တပ်ချထားမယ်လို့ ဆိုပါတယ်။
ပြင်သစ် ပြည်ထဲရေးဝန်ကြီးက “အစ္စရေးနဲ့ ပါလက်စတိုင်းမှာ ဖြစ်ပျက်နေတာကြောင့် ရှင်းရှင်းလင်းလင်း ပြောရရင် အကြမ်းဖက် ခြိမ်းခြောက်မှုတွေ မြင့်မားလာတယ်။ ဒါကြောင့် ရဲတပ်ဖွဲ့နဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ အဆမတန်များပြားလာဖို့ တောင်းဆိုထားကြပါတယ်”လို့ သတင်းထောက်တွေကို ပြောပါတယ်။
အစ္စရေး-ဟားမတ်စ် စစ်ပွဲကြောင့် အစွန်းရောက် အစ္စလာမ္မစ် စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှု ဖြစ်နိုင်ခြေ ပိုများလာတယ်လို့ ဥရောပ လုံခြုံရေး အရာရှိတွေက ပြောပါတယ်။
Source/Photo - Reuters