Home
မြန်မာသတင်း
ပဲခူး ၁၀ မိုင်ကုန်း မဟာဝိဟာရကျောင်းတိုက်က ကိုရင် ၄ ပါး ပျောက်ဆုံးနေ
DVB
·
December 29, 2023
Bago Little Monks lost_29122023

ပဲခူးတိုင်း၊ ပဲခူးမြို့နယ် ၁၀ မိုင်ကုန်းရှိ မဟာဝိဟာရကျောင်းတိုက်က အသက် ၁၀ နှစ်ကျော်အရွယ် ကိုရင် ၄ ပါး ပျောက်ဆုံးနေတာ တလကျော်လာပြီး လက်ရှိအချိန်အထိ ပြန်မတွေ့သေးဘူးလို့  ဂေါပကအဖွဲ့ဆီက သိရပါတယ်။

ဂေါပကအဖွဲ့ဝင်တယောက်က “နိုဝင်ဘာ ၂၄ ရက် မနက်ပိုင်းကတည်းက ပျောက်ဆုံးသွားတာ။ ကိုရင် ၄ ပါးလုံးက အဲ့ဒီနေ့ အရုဏ်ဆွမ်း ဘုဉ်းပေးပြီးနောက် ဆရာတော်နဲ့ ကျောင်းနေဦးပဉ္စင်းတွေကို လျှောက်ထားခြင်းမရှိဘဲ ကျောင်းတိုက်က ထွက်သွားတာ။ ဒီနေ့အထိ ဘာအဆက်အသွယ်မှ မရသေးဘူး” လို့ ပြောပါတယ်။

ပျောက်ဆုံးနေတဲ့ ကိုရင် ၄ ပါးဟာ ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်က ရှင်ဓမ္မနန္ဒ၊ ရှမ်းပြည်နယ် လားရှိုးမြို့နယ်က ရှင်ဃောသက၊ ရခိုင်ပြည်နယ် တောင်ကုတ်မြို့က ရှင်စန္ဒနဲ့ ဂွမြို့နယ်က ရှင်ပညာသိရီတို့ ဖြစ်တယ်လို့ သိရပါတယ်။

ကိုရင်တွေနဲ့ ရင်းနှီးသူတယောက်က “ကိုရင်တွေက မဟာဝိဟာရကျောင်းတိုက်ကို ရောက်ရှိ သီတင်းသုံးနေတာ။ ၃ နှစ်နီးပါးလောက် ရှိနေပြီ။ မိဘတွေဘက်ကို ကိုရင်တွေ ရောက်လာတာ ဆက်သွယ်တော့လည်း  မရောက်လာဘူးလို့ပြောတယ်။ ဆရာတော်တွေနဲ့ ဒါယကာ၊ ဒါယိကာမတွေက စိတ်ပူနေတယ်” လို့ ပြောပါတယ်။

ကိုရင်ငယ်လေးတွေကို တွေ့ရှိခဲ့ပါက ဖုန်း-၀၉-၆၇၆၆၉၁၄၇၅၊ ၀၉-၆၉၇၄၅၆၀၈၁၊ ၀၉-၆၆၈၆၁၄၁၇၄ နဲ့ ၀၉-၇၉၀၇၇၂၉၃၃ တို့ကို ဆက်သွယ်အကြောင်းကြားပေးကြဖို့ မဟာဝိဟာရကျောင်းတိုက်က လူမှုကွန်ရက်ကတဆင့် အကူအညီ တောင်းခံထားတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024