တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးဟာ ယွန်းချွန်းခရိုင်ရှိ ရှေ့တန်းစစ်စခန်းကို ဒီဇင်ဘာ ၂၈ ရက်က သွားရောက်ခဲ့ပြီး အဲဒီမှာ မြောက်ကိုရီးယားရဲ့ ရန်စနှောင့်ယှက်မှု တစုံတရာ လုပ်ဆောင်လာရင် ချက်ချင်းလက်တုံ့ပြန်ဖို့ သူ့ရဲ့တပ်တွေကို ညွှန်ကြားခဲ့ပါတယ်။
ယွန်းချွန်းခရိုင် အရှေ့ဘက်မှာရှိတဲ့ တပ်စခန်းယူနစ်ကို သွားရောက်တဲ့ ခရီးစဉ်အတွင်းမှာ သမ္မတ ယွန်းက ရန်သူရဲ့ ရန်စချင်နေတဲ့ အလိုဆန္ဒကို နှောင့်နှေးခြင်းမရှိ ချက်ချင်းကို ပြင်းပြင်းထန်ထန် ချေမှုန်းလိုက်ဖို့ သမ္မတ ယွန်းက တပ်ဖွဲ့ဝင်တွေကို တိုက်တွန်းခဲ့ပါတယ်။
တပ်ယူနစ်မှ အရာရှိတွေဟာ စစ်ရေးအဆင်သင့်ပြင်ဆင်ထားမှု အခြေအနေကို အကျဉ်းချုံး တင်ပြခဲ့ပြီး သမ္မတယွန်းဟာ အရာရှိမဟုတ်တဲ့ စစ်သည်တွေနဲ့ တွေ့ဆုံခဲ့ကြောင်း သမ္မတရုံးရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ဒီဇင်ဘာ ၂၈ ရက် အစောပိုင်းက မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာက သူတို့ရဲ့ခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ အမေရိကန်ရဲ့ မကြုံစဘူး ထိပ်တိုက်ရင်ဆိုင်မှု လှုပ်ရှားမှုတွေကို တန်ပြန်ဖို့ သူ့ရဲ့စစ်တပ်၊ လက်နက်စက်ရုံနဲ့ နျူးကလီးယားလက်နက်ဌာနတို့ကို အရှိန်မြှင့်ထုတ်လုပ်ဖို့ အမိန့်ပေးခဲ့ကြောင်း ထုတ်ပြန်ပြီးနောက်မှာ တောင်ကိုရီးယားသမ္မတက သူ့ရဲ့ရှေ့တန်းတပ်တွေဆီ သွားရောက်ခဲ့တာ ဖြစ်ပါတယ်။
Source/Photo-Reuters