Home
နိုင်ငံတကာ
သြစတြေးလျတွင် မိုးကြိုးမုန်တိုင်းတိုက်ခတ်ပြီး လူ ၉ ဦးသေဆုံး
DVB
·
December 27, 2023
Australia cleans up after thunderstorms kill nine, damage buildings

သြစတြေးလျနိုင်ငံ အရှေ့ပိုင်းမှာ ခရစ္စမတ်ရာသီအတွင်း ပြင်းထန်တဲ့ မိုးကြိုးမုန်တိုင်းတွေ တိုက်ခတ်ခဲ့ပြီးနောက် ဗစ်တိုးရီးယား၊ နယူးဆောက်ဝေးစ်နဲ့ ကွင်းစ်လန်းပြည်နယ်တွေမှာ လူ ၉ ဦး သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် အမြစ်ကျွတ်ထွက်လန်နေတဲ့သစ်ပင်တွေ၊ ထိခိုက်ပျက်စီးသွားတဲ့ အဆောက်အဦတွေနဲ့ ထောင်သောင်းချီတဲ့ နေအိမ်တွေ လျှပ်စစ်မီး ပြတ်တောက်ခဲ့ပြီး အပျက်အစီးတွေနဲ့ ရှုပ်ပွနေပါတယ်။

မုန်တိုင်းဒဏ်ကြောင့် ကွန်ကရစ်ဓာတ်အားပေးတိုင်တတိုင် ပျက်စီးသွားတာကို ပထမဆုံးအကြိမ် ကြုံရတာဖြစ်ကြောင်း ကွင်းန်စ်လန်းပြည်နယ်ဝန်ကြီးချုပ် စတီဗင်မိုင်းလ်စ်က ပြောပါတယ်။

ဒီဇင်ဘာ ၂၅ ရက်နဲ့ ၂၆ ရက်တို့မှာ ပြင်းထန်တဲ့ မိုးကြိုးမုန်တိုင်းတွေကြောင့် ကြီးမားတဲ့ မိုးသီးတွေလည်း ကျဆင်းခဲ့ပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့ပါတယ်။

လေပြင်းတိုက်ခတ်မှုကြောင့် ခေါင်မိုးတွေလည်း လွင့်ထွက်ကုန်ပြီး အဆိုးရွားဆုံး ထိခိုက်ခံစားရတဲ့ နေရာတချို့မှာဆိုရင် သစ်ပင်တွေလည်း လဲကျကုန်ပါတယ်။

အသက်အငယ်ဆုံး သားကောင်ကတော့ မုန်တိုင်းတိုက်ခတ်နေတုန်း ရေလျှံနေတဲ့ ရေမြောင်းထဲ မျောပါသွားတဲ့ အသက် ၉ နှစ်အရွယ် မိန်းကလေးဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့နှောင်းပိုင်းမှာ ပြင်းထန်တဲ့ ရာသီဥတုက ပြေလျော့သွားလိမ့်မယ်လို့ ခန့်မှန်းထားပေမဲ့ ဩစတေးလျနိုင်ငံ မိုးလေဝသဗျူရိုကတော့ မိုးထပ်ရွာနိုင်ဖွယ်ရှိကြောင်း ခန့်မှန်းထားပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024